နိုင်ငံတကာ

အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေး ထိပ်တန်း အရာရှိ Joe Kent အီရန်စစ်ပွဲကြောင့် ရာထူးက နုတ်ထွက်၊ သမ္မတ ထရမ့်ကို လမ်းကြောင်း ပြန်ပြောင်းဖို့ တိုက်တွန်း

WASHINGTON, DC – DECEMBER 11: Director of the National Counterterrorism Center Joseph Kent testifies before the House Committee on Homeland Security in the Cannon House Office Building on December 11, 2025 in Washington, DC. The committee convened to hear testimony from top national security officials on potential worldwide threats. (Photo by Anna Moneymaker/Getty Images

မတ်လ ၁၈ – ၂၀၂၆

ဒေါ်နယ်ထရမ့်ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ထိပ်တန်း အရာရှိ Joe Kent ဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ရာထူးက နုတ်ထွက်သွားခဲ့ပြီး သမ္မတ အနေနဲ့ ဒီစစ်ပွဲ လမ်းကြောင်းကို ပြန်ပြင်ဖို့ တိုက်တွန်းလိုက် ပါတယ်။

အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး Joe Kent က X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ရာမှာ အီရန်ဟာ အမေရိကန် အတွက် ချက်ချင်းလက်ငင်း အန္တရာယ် မရှိဘူးလို့ ဖေါ်ပြထားပြီး၊ အစ္စရေးနဲ့ အမေရိကန်မှာ ရှိတဲ့ ဩဇာကြီးမားတဲ့ အစ္စရေး လိုလားသူတွေရဲ့ ဖိအား ပေးမှုကြောင့် ဒီစစ်ပွဲကို အစိုးရက စတင်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထား ပါတယ်။

အိမ်ဖြူတော် ကတော့ ဒီစာကို ပယ်ချလိုက်ပြီး အီရန်က အမေရိကန်ကို အရင် တိုက်ခိုက်တော့မယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား သမ္မတမှာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အမုန်းစကား စောင့်ကြည့်ရေးအဖွဲ့တခု ကတော့ Joe Kent ဟာ ဂျူးဆန့်ကျင်ရေး အသုံးအနှုန်းတွေ သုံးနှုန်းတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Joe Kent နုတ်ထွက်သွားတာဟာ အမေရိကန်-အစ္စရေး တို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ ထရမ့် အစိုးရအတွင်း အမြင့်ဆုံး အရာရှိ တဦး ဖြစ်လာစေခဲ့ပါတယ်။

ထရမ့်ဆီကို လိပ်မူထားတဲ့ အဲဒီစာထဲမှာ အစ္စရေး အရာရှိကြီးတွေ နဲ့ ဩဇာညောင်းတဲ့ အမေရိကန် သတင်းထောက် တွေဟာ သမ္မတရဲ့ အမေရိကန် ပထမ မူဝါဒ ပျက်ပြားအောင် သတင်းအမှားတွေ ဖြန့်ဝေ ခဲ့ကြတယ်လို့ Joe Kent က စွပ်စွဲခဲ့ပါတယ်။

“ဒီလို ဝိုင်းဝန်း ဖန်တီးထားတဲ့ ပတ်ဝန်းကျင်ဟာ အီရန်က အမေရိကန်ကို ချက်ချင်း လက်ငင်း ခြိမ်းခြောက်နေတယ်လို့ သမ္မတ ယုံကြည်သွားအောင် လှည့်စားခဲ့တာပါ၊ ဒါဟာ လိမ်ညာမှုပါပဲ” လို့ အဲဒီစာမှာ ဖော်ပြထား ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *