မတ်လ ၁၉ – ၂၀၂၆
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ မနက်ပိုင်း နေပြည်တော်မှာ မြန်မာစစ်ကောမရှင် ဥက္ကဌကို တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေနဲ့ နယ်စပ်ဒေသ ကိစ္စရပ်တွေ အပါအဝင် နှစ်နိုင်ငံ စစ်တပ် အရာရှိ အစည်းအဝေး ကျင်းပဖို့ တို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံ ဆွေးနွေးပွဲကို မြန်မာဘက်က စစ်ကော်မရှင်ဥက္ကဌ အပါအဝင် ဒုချုပ်စိုးဝင်း ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နဲ့ (ကြည်း၊ ရေ၊ လေ) ညှိကွပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အဓိက တက်ရောက်ခဲ့ပါတယ်။
—————————
THN Public Media
