နိုင်ငံရေး ပြည်တွင်း

PDF ၅၀၆ ဦး လက်နက် ခဲယမ်းတွေနဲ့ အတူ ပြန်ဝင်လာကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်

မတ်လ ၁၉ – ၂၀၂၆

PDF အဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနဲ့ အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦး တိုဟာ လက်နက် ခဲယမ်းတွေနဲ့ အတူ ပြန်လည်ဝင်ရောက်လာပြီး သူတို့ကို မိဘအုပ်ထိန်းသူများဆီ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ စစ်ကော်မရှင် က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

မိဘတွေထံ ပြန်လွှဲပြောင်းတဲ့ အခမ်းအနားကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင် နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး တက်ရောက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ပြန်ဝင်လာတဲ့ PDF တွေနဲ့ အတူ လက်နက်မျိုးစုံ ၇၈ လက်၊ လက်ပစ်ဗုံး/ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ်မျိုးစုံ ၅၀၊ ကျည်မျိုးစုံ ၃၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာ ဦးအုပ် ၅ လုံးတို့ ပါဝင်ပြီး မောင်းပြန်ရိုင်ဖယ် သေနတ်တလက် အတွက် ကျပ်သိန်း ၅၀ ၊ RPG တလက် အတွက် ၇၅ သိန်းနှုန်း ဆုကြေး ပေးခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *