နိုင်ငံရေး ပြည်တွင်း

တပ်ချုပ် တဖြစ်လဲ သမ္မတသစ် ရဲ့ ကတိသစ္စာပြုပွဲ တက်ရောက်မယ့် နိုင်ငံခြား တိုင်းပြည်က အရာရှိတချို့

ဧပြီ ၁၀ – ၂၀၂၆

စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီး ခေါ်ယူတဲ့ လွှတ်တော်က တင်မြှောက်လိုက်တဲ့ တပ်ချုပ်တဖြစ်လဲ သမ္မတသစ် ဦးမင်းအောင်လှိုင် ဟာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ကတိသစ္စာပြုပွဲကို နိုင်ငံခြား တိုင်းပြည်တွေက အရာရှိတက်ချို့ တက်ရောက်ကြမှာ ဖြစ်ရာ တရုတ်သမ္မတ ရှီကျင်ပင်း ရဲ့ အထူး ကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကော်မတီ အမျိုးသားကော်မတီ ဒု-ဥက္ကဋ္ဌ Jiang Xinzhi တက်ရောက် မှာ ဖြစ်ပါတယဉ်။

အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်ပရေးရာ ဝန်ကြီးဌာန ဝန်ကြီး Mr. Kirti Vardhan Singh လည်း တက်ရောက်မှာ ဖြစ်ပြီး သူကတော့ မနေ့က မြန်မာနိုင်ငံကို ဆိုက်ရောက် လာခဲ့ပါတယ်။

ဒါ့အပြင် တက်ရောက်မယ့်အထဲမှာ ဂျပန် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ လည်းပါဝင်သလို ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဟောင်း Parnpree Bahiddha-Nukara လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတသစ်နဲ့အတူ ပြည်ထောင်စုအဆင့် ကက်ဘိနက်အဖွဲ့ဝင်တွေနဲ့ တခြား ကောင်စီ ကော်မတီ အဖွဲ့တွေလည်း ကျမ်းကျိန်ကြမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *