ဧပြီ ၁၅ – ၂၀၂၆ (သင်္ကြန်အကြတ်)
အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် သင်္ဘောတွေ နောက်ကြောင်း ပြန်လှည့် သွားရ သလို အီရန်နဲ့ ဆွေးနွေးမှုတွေဟာ နောက်ထပ် နှစ်ရက် အတွင်း ပြန်စတင် နိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က New York Post ကို ပြောကြားခဲ့တာ ဖြစ်ပြီး “နောက်ထပ် နှစ်ရက်အတွင်း တစ်ခုခု ဖြစ်လာနိုင်ခြေရှိတယ်၊ ကျွန်တော်တို့ ဘက်ကလည်း အဲဒီ (ပါကစ္စတန်) ကို သွားဖို့ ပိုပြီး ဆန္ဒရှိနေပါတယ်” လို့ သူက သတင်းစာကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ စနေနေ့က ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်တို့ ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီချက် မရဘဲ ပြီးဆုံးခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ စကားလည်း ဖြစ်ပါတယ်။
အီရန်အစိုးရပိုင် မီဒီယာကတော့ တီဟီရန်နဲ့ ပါကစ္စတန်ကြား သတင်း စကားတွေ အပြန်အလှန် ဖလှယ်ခဲ့ကြတယ်လို့ ပြောပေမယ့် အမေရိကန်နဲ့ ထပ်မံ ဆွေးနွေးဖို့ သဘောတူညီချက် ရမရနဲ့ ပတ်သက် လို့တော့ ဘာ သတင်း အချက်အလက်မှ မရှိသေးဘူး လို့ ဖော်ပြထားပါတယ်။
—————————
THN Public Media
