နိုင်ငံတကာ

အမေရိကန်က အီရန်ကုန်တင်သင်္ဘောကို ဖမ်းလိုက်တဲ့ အတွက် ဆွေးနွေးဖို့ အစီအစဥ်မရှိတော့ဘူးလို့ အီရန်ပြော

ဧပြီ ၂၀ – ၂၀၂၆

အမေရိကန်က အီရန်ကုန်တင်သင်္ဘောကို ဟော်မုဇ်ရေလက်ကြားအနီး ဖမ်းဆီးလိုက်ပြီးနောက် အီရန်က နောက်ထပ် ဆွေးနွေးပွဲတွေ လုပ်ဖို့ အစီအစဉ်မရှိဘူး လို့ ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန်မှာ နောက်ထပ်ဆွေးနွေးပွဲ ပြုလုပ်ဖို့ အမေရိကန်ဘက်က ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ပါကစ္စတန် နိုင်ငံဆီ စေလွှတ်သွားမယ်လို့ ပြောထားပေမဲ့၊ တီဟီရန် ဘက်ကတော့ နောက်ထပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက် အစီအစဉ်မရှိတော့ဘူး လို့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေး ပြောခွင့်ရ Esmail Baghaei က “လက်ရှိအချိန်အထိတော့ နောက်တကြိမ် ဆွေးနွေးပွဲလုပ်ဖို့ ဘာအစီအစဉ်မှ မရှိသေးသလို ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဘာဆုံးဖြတ်ချက်မှ ချမှတ်ထားတာ မရှိသေးပါဘူး” လို့ AFP ကိုပြောကြားခဲ့တာပါ၊

အီရန်စစ်တပ် ကတော့ သူတို့ သင်္ဘောဖမ်းဆီးခံရမှု အတွက် လက်တုံ့ပြန် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အီရန်မီဒီယာ တွေရဲ့ ဖော်ပြချက်အရ ဒရုန်းတွေနဲ့ အမေရိကန် သင်္ဘောတွေ ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမဲ့ ထိခိုက်ပျက်စီးမှု ရှိတယ် လို့တော့ သတင်းမရရှိသေးပါ။

အမေရိကန်နဲ့ အီရန်ကြားက နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေးဟာ ဗုဒ္ဓဟူးနေ့မှာ ကုန်ဆုံးတော့မှာပါ။

ပါကစ္စတန်မှာ ဆွေးနွေးပွဲတွေ စတင်ဖြစ်ခဲ့ရင်တောင်မှ တိုးတက်မှုရဖို့ အလားအလာ အလွန်နည်းနေပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *