နိုင်ငံရေး

စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု၊ တော်လှန်ရေးကို သွေးခွဲဖို့ ဖြစ်ကြောင်း NUCC သဘောထား ထုတ်ပြန်

ဧပြီ ၂၅ – ၂၀၂၆

စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ တော်လှန်ရေး အင်အားစု တွေကို သပ်လျှိုသွေးခွဲဖို့ ရည်ရွယ်တဲ့ အတုအယောင်ဖိတ်ခေါ်မှုသာ ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ဒီကနေ့ သဘောထား ထုတ်ပြန် လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ပြီး ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ NCA လမ်းကြောင်းကနေ ဖိတ်ခေါ်နေတာဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စု အနေနဲ့ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဖို့ ကြိုးပမ်းမှု သာ ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

NUCC အနေနဲ့ စစ်အာဏာသိမ်းထားမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာ အဆုံးသတ်ဖို့ ဆိုတဲ့ အချက် အပါအဝင် တော်လှန်ရေး အင်အားစုများရဲ့ နိုင်ငံရေး ဦးတည်ချက် ၆ ချက်အတိုင်း ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဦးတည်ချက် (၆) ရပ် အတိုင်း ရပ်တည်သွားကြဖို့ နဲ့ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

NUCC အနေနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့ အတွက် ပြည်သူလူထုနဲ့ အတူ လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *