ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် DKBA ထိန်းချုပ်ရာ ဒေသမှ ရှိနေတဲ့ တိုင်ချန်း ကျားဖျန့်ဂိုဏ်း ၃ ခုကို အမေရိကန်ပြည်ထောင်စုက ဆုငွေ ဒေါ်လာ ၁၀ သန်း ထုတ်လိုက်ကြောင်း ဧပြီလ ၂၃ ရက်နေ့က ကြေငြာလိုက်ပါတယ်။
တိုင်ချန်းဂိုဏ်း ၃ ခုက လိမ်လည်သွားတဲ့ ဒေါ်လာဘီလျံချီကို ပြန်ရနိုင်ရေး သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဒေါ်လာ ၁၀ သန်း ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်မှာ DKBA ဒေသက ကျောက်ခတ် အပါအဝင် နေရာ ၃ ခုကို GPS နဲ့ နေရာ အတိအကျ ဖေါ်ပြထားသလို ကျားဖျန့်လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ဖေါ်ပြထားပါတယ်။
အမေရိကန်ဟာ အရှေ့တောင်အာရှမှာ ကျားဖျန့် နှိမ်နင်းရေးအတွက် လွှတ်တော်မှာ ဥပဒေ ပြဌာန်း ထားသလို လုပ်ငန်းအဖွဲ့ကိုလည်း ထိုင်းနိုင်ငံမှာလည်း ချထားပြီး ဖြစ်ပါတယ်။
အခုလို အချိန်မှာ ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်လိုက်တဲ့ အတွက် အမေရိကန် အနေနဲ့ ကျားဖျန့် နှိမ်နင်ရေးကို ကိုယ်ထိလက်ရောက် ပါဝင် ဆောင်ရွက်တော့မလား…
ဒီဆုငွေထုတ်ခြင်းရဲ့ နောက်ကွယ်က အစီအမံက ဘာဖြစ်မလဲ…
DKBA ကရော ဘယ်လို တုန့်ပြန်မလဲ…
စတဲ့ အခြေအနေတွေအပေါ် ထိုင်းမြန်မာနယ်စပ်အရေး ကျွမ်းကျင်သူ ကိုစတီဗင်စန်းယု ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
