နိုင်ငံရေး

မြန်မာ့ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုဖို့ အာဆီယံအဖွဲ့ အတွင်း သဘောတူညီချက် မရသေး

(L-R) Myanmar’s Permanent Secretary of the Ministry of Foreign Affairs U Hau Khan Sum, Malaysia’s Foreign Minister Mohamad Hasan, Thailand’s Foreign Minister Sihasak Phuangketkeow, East Timor’s Foreign Minister Bendito dos Santos Freitas, Vietnam’s Deputy Minister of Foreign Affairs Dang Hoang Giang, Philippine’s Foreign Secretary Theresa Lazaro, Singapore’s Foreign Minister Vivian Balakrishnan, Brunei’s Second Foreign Minister Erywan Pehin Yusof, Cambodia’s Foreign Minister Prak Sokhonn, Indonesia’s Foreig

မေလ ၇ – ၂၀၂၆

မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ် ပြုဖို့ အာဆီယံအဖွဲ့ အတွင်းမှာ အခုထက်ထိ သဘောတူညီချက် မရသေးဘူးလို့ သိရပါတယ်။

“လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုဖို့နဲ့ ပတ်သက်ပြီး အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် တစုံတရာ မရရှိသေးပါဘူး” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Dominic Xavier Imperial က မေလ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ကြောင်း ဖိလစ်ပိုင် သတင်းဌာန PNA မှာ ဖေါ်ပြထားပါတယ်။

အာဆီယံ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက် မူဘောင်အတိုင်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ Imperial က ဆိုပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်း ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ သက်ဆိုင်သူအားလုံးနဲ့ ချိတ်ဆက် ဆောင်ရွက် ရမယ့် တာဝန်ရှိတာကြောင့် အခုလို တွေ့ဆုံခွင့်ပေးဖို့ လိုအပ်တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင် ကနေ နေအိမ် အကျယ်ချုပ်ကို ပြောင်းရွှေ့လိုက်တာ၊ ပြစ်ဒဏ်တချို့ လျှော့ပေါ့ ပေးလိုက် တာနဲ့ နိုင်ငံရေး အကျဉ်းသား ၁၅၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တဲ့ အပေါ်မှာလည်း ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုကြောင်း ပြောကြားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *