နိုင်ငံရေး

KNPP အမြဲတမ်း ဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ရဲ့ နောက်ဆုံးခရီး

မေလ ၁၃ – ၂၀၂၆

မေလ (၁၀) ရက်နေ့တွင် လူကြီးရောဂါနဲ့ ကွယ်လွန်သွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး စျာပန အခမ်းအနားကို ဒီကနေ့ မေ ၁၃ မှာ လွှတ်မြောက် နယ်မြေ တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို KNPP ဥက္ကဌ ခူဦးရယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ PNFC ပအိုပ့်အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း၊ ABSDF အတွင်းရေးမှူး ကိုဆန်နီ ၊ KNDF နဲ့ KSCC တာဝန်ရှိသူတွေ အပါအဝင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေ နဲ့ ပြည်သူလူထု တို့က တက်ရောက်ပို့ဆောင်ပေးခဲ့ကြပါတယ်။

အခမ်းအနားမှာ သဝဏ်လွှာဖတ်ကြား၊ အမှတ်တရ စကားတွေ ပြောကြားပြီး ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်ကာ ခွန်းရီမာန်ထူး ရဲ့ နောက်ဆုံးခရီး အတွက် ဂုဏ်ပြုခဲ့ကြပါတယ်။

Crd – KniC

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *