မေလ ၂၈ – ၂၀၂၆
အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့မှာ မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နဲ့ အော်စတြေးလျ ၄ နိုင်ငံ ပူးပေါင်း ဖွဲ့စည်းထားတဲ့ အဆင့်မြင့် မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးဖက် အဖွဲ့အစည်း ဖြစ်တဲ့ Quad ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ ပဋိပက္ခ နဲ့ ပတ်သက်ပြီး သက်ဆိုင်သူ အားလုံး ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ တောင်းဆိုထားပါတယ်။
အချက် ၂၈ ချက်ပါတဲ့ Quad အစည်းအဝေးရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး နံပါတ် ၁၀ မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
–
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖေါ်ပြချက်
———————————
ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ အဲဒီကနေ ဒေသတွင်းကို ရိုက်ခတ်လာမယ့် အကျိုးဆက်တွေ အပေါ် ဆက်ပြီး စိုးရိမ်ပူပန်မိပါတယ်။
အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံသလို အကြမ်းဖက်မှု တွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးခံထားရသူ တွေကို ပြန်လွှတ် ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်မယ့် ပတ်ဝန်းကျင် ကောင်းတခု ဖန်တီးပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အားလုံးကြား ဆွေးနွေး မှုတွေ လုပ်ကြဖို့ တောင်းဆိုပါတယ်။
ဒါ့အပြင် ဒီအကျပ်အတည်းကြောင့် ဒေသတွင်း လုံခြုံရေးကို ထိခိုက် လာတာနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တွေ ပြန့်ပွားလာတာကိုလည်း စိုးရိမ်မိ ပါတယ်။
—————————
THN Public Media
