နိုင်ငံရေး

SRF ကို ဖြိုခွင်းတာမဟုတ်၊ ပြစ်မှု ကျူးလွန်သူတွေကိုသာ ဖမ်းဆီးတာဖြစ်ကြောင်း မင်းကင်း ပကဖ ထုတ်ပြန်

မေလ ၂၇ – ၂၀၂၆

SRF တပ်ဖွဲ့ကို ဖြိုခွဲတာ မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူကိုသာ ဖမ်းဆီးတာ ဖြစ်ကြောင်း မင်းကင်း ပကဖ က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

SRF တပ်ဖွဲ့ဝင် တချို့ဟာ ဥပဒေမဲ့လုပ်ရပ်တွေ လုပ်ဆောင်တဲ့ အတွက် တိုင်ကြားထားတဲ့ အမှုပေါင်း ၈ မှု နဲ့ ပတ်သက်ပြီး ကျူးလွန်ထားသူတွေကို လာရောက်ဖြေရှင်းဖို့ အကြောင်းကြားခဲ့ပေမယ့် လာရောက်ခြင်း ဖြေရှင်းခြင်း မရှိဘူးလို့ ဖေါ်ပြထားပါတယ်။

ကျူးလွန်သူတွေကို မေလ ၂၆ ရက်နေ့က ဖမ်းဆီးရာမှာ ပြည်သူတချို့က တားဆီး နှောင့်ယှက်တဲ့ အတွက် မိုးပေါ်ထောင် ဖေါက်ခဲ့တာ သာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

အခုအခါ အဓိက တာဝန်ရှိသူကို ဖမ်းဆီးမိပြီဖြစ်ပြီး ဥပဒေ အတိုင်းဆောင်ရွက်ကာ တခြား ပြစ်မှု ကျူးလွန်သူတွေကိုလည်း ဆက်လက် ဖမ်းဆီးမယ်လို့ ဖေါ်ပြထားပါတယ်။

လက်ရှိ SRF တပ်ဖွဲ့ဝင်တွေ အနေနဲ့ NUG အောက်မှာ ပူးပေါင်းဆောင်ရွက် ဖို့ကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *