ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ PSG နိုင်
မိနစ် ၉၀ နဲ့ အချိန်ပို နာရီဝက်မှာ တဘက် တဂိုးစီ သရေကျ
မေလ ၃၀ – ၂၀၂၆
ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့မှာ ကျင်းပတဲ့ ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲ ကြီးမှာ ပြင်သစ်လိဂ်ဝမ်း ချန်ပီယံ PSG က အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် ကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ၂ နှစ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ပွဲစစချင်း ၆ မိနစ်မှာ အာဆင်နယ်က ဗွေဆော်ဦး ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပထမ တပိုင်းလုံး အနိုင်နဲ့ ဦးဆောင်နေခဲ့ ပါတယ်။
အဲဒီနောက် ဂန်းနားတို့ရဲ့ ကစားကွက်အတိုင်း ခံစစ်နဲ့ ခုခံခဲ့ပေမယ့် ဒုတိယပိုင်း ၆၅ မိနစ်မှာ ပင်နယ်တီ ပေးလိုက်ရပြီး PSG က ချေပဂိုး ပြန်သွင်းကာ ၁ ဂိုးစီနဲ့ မိနစ် ၉၀ ပွဲပြီးသွားခဲ့ပါတယ်။
အချိန်ပို မိနစ် ၃၀ မှာ PSG က ဆက်လက် တိုက်စစ်ဆင်ပြီး ဂိုးသွင်းခွင့် တွေ ရရှိပေမယ့် အာဆင်နယ်တို့က ပိတ်ကစားနိုင်ခဲ့ပါတယ်။
ဂန်းနားတို့ ကောင်တာ တချို့ ရရှိပေမယ့် ဂိုးမသွင်းနိုင်ဘဲ အချိန်ပို ပထမပိုင်း ပြီးခါနီးမှာ PSG ဘောက်စ် ထဲ ဘောလုံးယှဥ် လုရာ ကနေ PSG ရော အာဆင်နယ် ကစားသမားပါ လဲကျရာ အာဆင်နယ်ဘက်က ပင်နယ်တီ တောင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ငြင်းပယ်ခဲ့ပါတယ်။
ဒီအငြင်းပွားဖွယ် ပယ်နယ်တီ တောင်းတာ နဲ့ ပတ်သက်ပြီး အာဆင်နယ် ကစားသမားနဲ့ နည်းပြပါ အဝါကတ်ထိခဲ့ပါတယ်။
VAR အခန်းကနေ နောက်ပိုင်း ရှင်းပြချက်အရ PSG ဘက်က အာဆင်နယ် တိုက်စစ်မှူးကို မထိခင်မှာ ဘောလုံးကို အရင်ဖြတ်ထုတ်ပြီးသား ဖြစ်ပြီး၊ ဘောလုံး အရင် ထိပြီးမှ ကစားသမားချင်း ထိမိတာမျိုးဖြစ်ကာ ပြစ်ဒဏ်ပေး လောက်တဲ့ ပြင်းထန်တဲ့ တွန်းတိုက်တာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
မိနစ် ၉၀ မှာ တဘက် တဂိုးစီ သရေကျနေတဲ့ အတွက် ပင်နယ်တီ နဲ့ အဆုံး အဖြတ်ယူရာမှာ PSG က ၄ ဂိုး အာဆင်နယ် က ၃ ဂိုး နဲ့ PSG ဟာ ထိုက်ထိုက် တန်တန် ၂ နှစ် ဆက်တိုက် ချန်ပီယံဆုဖလားကို ကိုင်မြှောက် နိုင်ခဲ့ ပါတော့တယ်။
အာဆင်နယ် ဘက်က ဒုတိယ နဲ့ နောက်ဆုံး ပယ်နယ်တီ ကန်သွင်းရာမှာ PSG ဂိုးသမားက ဖြတ်ထုတ် တာမဟုတ်ဘဲ ဂိုးနဲ့ လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။
PSG ရဲ့ တတိယ ပင်နယ်တီ ကိုတော့ အာဆင်နယ် ဂိုးသမားက ဘယ်ဘက် အခြမ်းကို ဒိုက်ထိုးပြီး ပုတ်ထုတ်လိုက်တာ ဖြစ်ပါတယ်။
အာဆယ်နယ်ဟာ အခုနှစ်ရာသီမှာ ဖလား ၂ လုံး ရမလားဆိုတဲ့ မျှော်လင့်ချက် တွေ ရှိခဲ့ပေမယ့် ပရီးမီးယား လိဂ် ဖလား တခုနဲ့သာ ကျေနပ် လိုက်ရပါတော့တယ်။
—————————
THN Public Media
