ဇွန် ၅ – ၂၀၂၆
လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး ဟာ သမ္မတ ပြောရေးဆိုခွင့် ရှိသူဖြစ်လာပြီး ရာထူးဖြုတ်ချခံလိုက်ရတယ်လို့ ယူဆရတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
အိန္ဒိယခရီးစဥ်ကနေ ဦးမင်းအောင်လှိုင် ပြန်ဆိုက်ရောက်လာတဲ့ ဇွနလ ၃ ရက်နေ့က နေပြည်တော်လေဆိပ်မှာ ဒေါက်တာခိုင်ခိုင်စိုးက သမ္မတ ပြောရေးဆိုခွင့် ရှိသူအနေနဲ့ သတင်းသမားတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းနား နဲ့ အဲဒီမတိုင်ခင် တရက် တပ်မတော် နေ့ အကြိုညစာစားပွဲက စလို့ တက်ရောက်ခြင်း မရှိတော့ဘဲ ပျောက်ကွယ် သွားခဲ့တာ ဖြစ်ပါတယ်။
—————————
THN Public Media
