ဇွန် ၆ ၂၀၂၆
၁၉၉၆ ဇွန်လ ၆ ရက်နေ့မှာ တည်ထောင်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါဝင်တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) တည်ထောင်ခြင်း နှစ် ၃၀ ပြည့်မှာ ဦးတည်ချက် ၄ ရက်အတိုင်း ဆက်လက်ချီတက်သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အဲဒီ ၄ ချက်ကတော့ –
(က) အာဏာရှင်စနစ် ပပျောက်ရေး
(ခ) အရပ်သားပြည်သူ့အခြေခံအာဏာ ကျင့်သုံးရေး
(ဂ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး
(ဃ) ပြည်သူ့အစိုးရ ပေါ်ထွန်းရေး တို့ ဖြစ်ကြပါတယ်။
SSJAC ကို ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (SSPC) နဲ့ (SNLD) တို့ ပူးပေါင်းပြီး နိုင်ငံရေး မဟာမိတ် အဖြစ် စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
SSPC မှာတော့ ရှမ်းပြည်တပ်မတော် (SSA) နဲ့ ရှမ်းပြည်အမျိုးသား တပ်မတော် (SSNA) တို့ ပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
—————————
THN Public Media
