ဇွန် ၁၀ – ၂၀၂၆
NSPNC ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ ညှိနှိုင်းရေးကော်မတီ နဲ့ 7 EAO Alliance တို့ အကြား နှစ်ရက်တာ အလွတ်သဘော ဆွေးနွေးပွဲ ပြီးစီးသွားပြီ လို့ 7 EAO ဘက်က ထုတ်ပြန်ထားပါတယ်။
ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ မဖေါ်ပြထားပေမယ့် ရှေ့လုပ်ငန်းစဥ် တွေ အတွက် များစွာ အထောက်အကူ ဖြစ်စေတယ်လို့ ဆွေးနွေးပွဲ အပြီး 7 EAO ဘက်က အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က နိဂုံးချုပ် ပြောကြားသွားတယ်လို့ ထုတ်ပြန်ထား ပါတယ်။
ဒီဆွေးနွေးပွဲကို NSPNC ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး 7 EAO Alliance ဘက်က အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အဖွဲ့ဝင်(၈) ဦးပါဝင်တယ်လို့ သိရပါတယ်။
—————————
THN Public Media
