ဇွန် ၁၀ – ၂၀၂၆
မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့တွေနဲ့ လာမယ့်ရက်ပိုင်း အတွင်း တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာဖို့နဲ့ အဖြေရှာဖို့ ရည်ရွယ်ထားတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
“လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တချို့နဲ့ တွေ့ဆုံဖို့၊ အခြေအနေတွေကို စုံစမ်းဖို့နဲ့ ကျွန်မတို့ ဘက်က တကယ်ပဲ ဘယ်လိုမျိုး ကူညီပေးနိုင်မလဲ ဆိုတာကို ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်” လို့ တိုကျိုမြို့မှာ Nikkei က ဦးစီးကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ Lazaro က ပြောခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ပြီး၊ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က Lazaro ကို မြန်မာနိုင်ငံဆိုင်ရာ သူရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထား ပါတယ်။
Lazaro ဟာ ဘယ်သူတွေနဲ့ တွေ့ဆုံမလဲ၊ အဲဒီ အစည်းအဝေးကို ဘယ်နေရာမှာ ကျင်းပမလဲ ဆိုတာကိုတော့ အသေးစိတ် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါ။
“ဒီအစီအစဉ် ဘယ်လို အလုပ်ဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ” လို့ Lazaro က ဖြည့်စွက်ပြောဆိုခဲ့ ပါတယ်။
Ref: Reuters
—————————
THN Public Media
