ဇွန် ၁၁ – ၂၀၂၆
ကမ္ဘာ့ဖလား ဗွေဆော်ဦးပွဲ အဖြစ် အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိက တို့ ယှဥ်ပြိုင်နေရာမှာ မက္ကဆီကိုက ၉ မိနစ် မှာ ပြိုင်ဘက်အသင်း နောက်ခံလူ အမှားကို အကျိုးရှိရှိ အသုံးချကာ ၁ ဂိုး သွင်းယူလိုက်ပြီး ပွဲကို ဦးဆောင် နေပါတယ်။
အခုကစားနေတဲ့ အုပ်စု A မှာ မက္ကဆီကို တောင်အာဖရိက တောင်ကိုရီးယား နဲ့ ချက်သမ္မတ နိုင်ငံတို့ ပါဝင်ပါတယ်။
ဒီပွဲစဥ်ပြီးရင် ဒုတိယ ပွဲစဥ်အဖြစ် တောင်ကိုရီးယား နဲ့ ချက်သမ္မတ နိုင်ငံတို့ မက္ကဆီကို က Zapopan မြို့ ကစားကွင်းမှာ ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
—————————
THN Public Media
