နိုင်ငံရေး

PDF တောင်ပိုင်းတိုင်း ဗျူဟာမှူး ဗိုလ်စောဂျိမ်း ကျဆုံးမှု NUG ထုတ်ပြန်ခြင်းမရှိသေး

ဇွန် ၁၁ – ၂၀၂၆

PDF တောင်ပိုင်းတိုင်း စစ်ဗျူဟာအမှတ် ၂၂ ဗျူဟာမှူး ဗိုလ်စောဂျိမ်း ဟာ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ကျဆုံးသွားတာ နဲ့ ပတ်သက်ပြီး NUG MOD က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ဗိုလ်စောဂျိမ်း သတင်းနဲ့ ပတ်သက်ပြီး တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ တော့ ဖေါ်ပြနေတာ ဖြစ်ပါတယ်။

ပဲခူးတိုင်း ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု တခုမှာ ဗိုလ်စောဂျိမ်း ဟာ ဗုံးစထိမှန်ပြီးနောက် ‌ဆေးကုသမှု ခံယူနေရာ ကနေ မကြာခင် ရက်ပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ တပ်ထောက်ခံ တယ်လီဂရမ် သတင်းတွေ အရ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *