ဇွန် ၂၁ – ၂၀၂၆
အကျဥ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ ကို အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့လယ်မှာ ဇွန် ၂၀ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မွေးနေ့ပွဲနဲ့ အတူ Rose Movement လှုပ်ရှားမှုကို ကျင်းပခဲ့ပြီး အခမ်းအနား ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် စကားပြောကြားခဲ့ ပါတယ်။
မွေးနေ့အမှတ်တရ မွေးနေ့ကိတ်ခွဲကာ ကျွေးမွေးဧည့်ခံပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။
Photo : KyawSoe Latt
Crd – NYCBC
—————————
THN Public Media
