(ဇွန် ၂၁ – ၂၀၂၆)
ဥရုဂွေးနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ ကိတ်ဗာဒီ အသင်း ဂိုးသမား ဗိုဇင်ညာ ရဲ့ မိခင် Ana Candida Evora လာရောက်အားပေး ခဲ့ပါတယ်။
Ana Candida Evora ဟာ အမေရိန် ဗီဇာ အတွက် အာမခံကြေး မတတ်နိုင်တာကြောင့် စပိန်နဲ့ သရေကျတဲ့ပွဲမှာ မလာရောက်နိုင်ခဲ့ပါ။
အဲဒီပွဲမှာ ဗိုဇင်ညာ နာမည်ကျော်ခဲ့ပြီး ကိပ်ဗာဒီ၊ ကနေဒါ၊ အမေရိကန်နဲ့ တခြားနိုင်ငံ တွေက အားပေးထောက်ခံသူ အများအပြားက GoFundMe ကနေ ရန်ပုံငွေရှာဖွေ ပေးခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဥရုဂွေးနဲ့ သရေပွဲမှာ ဗိုဇင်ညာ ဂိုးဖမ်းတာကို မိခင်ကိုတိုင်ကြည့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
—————————
THN Public Media
