နိုင်ငံရေး

NUG ရဲဘော်တွေ မိုင်းထိခံရမှု PLA ပြောခွင့်ရ ရှင်းပြ၊ စစ်တပ်သတင်းပေး ကိစ္စ PLA နောက်ဆက်တွဲထုတ်ပြန်

ဇွန် ၂၃ – ၂၀၂၆

PLA က ဖမ်းဆီးထားတဲ့ ဝဲလောင်းကျေးရွာသား တဦးကို ပြန်လွှတ်ပေးဖို့ နဲ့ PLA စခန်းတွေကို ဝင်ရောက်ရာ မိုင်းထိလို့ ရဲဘော် ၄ ဦး ကျဆုံးခဲ့တဲ့ အကြောင်း NUG PDF ကနေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီကျေးရွာသားဟာ စစ်တပ်သတင်းပေး ဖြစ်တယ်ဆိုတာကို သက်သေအခိုင်အလုံရှိကြောင်း PLA က ဒီကနေ့ ထပ်မံထုတ်ပြန်ထားပါတယ်။

အခုလို ပဋိပက္ခဖြစ်စဥ် နဲ့ပတ်သက်ပြီး PLA တပ်ဖွဲ့တွေကို NUG ဘက်က နယ်မြေက ထွက်ခွာစေခြင်း၊ တပ်စခန်းတွေကို အင်အားသုံး ဝင်ရောက် စီးနင်းတာတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့မူ ကို ဆက်လက် ကိုင်စွဲထားကြောင်း အသိပး ဖေါ်ပြထားပါတယ်။

PLA ပြောခွင့်ရ ရဲဘော်ဝေယံဖြိုးမိုးကလည်း NUG ဘက်က PLA တပ်စခန်း တွေကို ဝင်ရောက်စီးနင်းရာမှာ ထိပ်တိုက်ပစ်ခတ်မှုမဖြစ်အောင် အချိန်မီရှောင်တိမ်းရတာကြောင့် မိုင်းရှင်းလင်းရေး သေချာမလုပ်နိုင်ခဲ့ကြောင်းနဲ့ NUG ရဲဘော်တချို့ လက်ရှိထိခိုက်မှု ရှိတယ်လို့ သိရတဲ့ အတွက် PLA အနေနဲ့ ဝမ်းနည်းရကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် ကနေ ရှင်းပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *