နိုင်ငံရေး

လာမယ့်နှစ် ဘင်းမ်စတက်အဖွဲ့ အတွင်းရေးမှူးချုပ်တာဝန် မြန်မာယူမယ်

ဇွန် ၂၃ – ၂၀၂၆

ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နဲ့ အဖွဲ့က ဦးမင်းအောင်လှိုင် ကို မနေ့က နေပြည်တော်မှာ လာရောက် တွေ့ဆုံရာ ရှေ့နှစ် ဘင်းမ်စတက်အဖွဲ့ အတွင်းရေးမှူးချုပ်တာဝန် မြန်မာ ရယူမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဘင်းမ်စတက် အဖွဲ့ဟာ ဘင်္ဂလားပင်လယ်အော် ဒေသ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ သီရိလင်္ကာ နီပေါ ဘူတန် ၇ နိုင်ငံနဲ့

စီးပွားရေး၊ နည်းပညာနဲ့ ကုန်သွယ်ရေး အပါအဝင် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဖွဲ့စည်းထားတဲ့ ဒေသတွင်း အဖွဲ့တခု ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ရှေ့နှစ်မှာ နှစ် ၃၀ ပြည့်မြောက်မှာ ဖြစ်ကြောင်းလည်း သိရ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *