‘’ညီမမှာ နောက်ခံအင်အားဘာမှ မရှိလို့ ချနင်းပြီးတော့ နိုင်ငံရေးအားပြိုင်မှု မှာ ထည့်သွင်းအသုံးချတယ်လို့ ခံစားရတယ်’’
‘’သူတို့ဘက်မှာ နိုင်ငံရေးရော အင်အားရော ထောက်ခံတဲ့သူတွေရော အရာရာ များပါတယ်… ဒါပေမယ့် နိုင်ငံရေး ဦးဆောင်သူတွေ ဖြစ်ပြီးတော့ ပြည်သူ တယောက်ရဲ့ ဘဝကို… နိုင်ငံရေးအရ အသုံးချဖျက်ဆီးတာ… မဖြစ်သင့်ဘူးလို့ ထင်တယ်…’’
‘’အမျိုးသမီးရဲ့ ဂုဏ်သိက္ခာရော… ပြည်သူတယောက်ရဲ့ လုံခြုံရေး အတွက်ရော… ဒီဟာတွေကို ထိန်းသိမ်းပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်…’’
ရဲဘော်မေ (MDY – PDF တပ်ဖွဲ့ဝင်ဟောင်း – NUG က ဗိုလ်မုန်တိုင်းနဲ့ လူမှုရေး ဖေါက်ပြန်ခဲ့ သူလို့ စွပ်စွဲခံရသူ)
မန္တလေး PDF ခေါင်းဆောင် ဗိုလ်မုန်တိုင်းကို ကာမပိုင် အမျိုးသမီးတဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့တယ်လို့ NUG ရဲ့ စွပ်စွဲချက် နဲ့ ပတ်သက်ပြီး အဲဒီ ကာယကံရှင် အမျိုးသမီးဖြစ်သူ MDY – PDF တပ်ဖွဲ့ဝင် ဟောင်း ‘’ရဲဘော်မေ’’ ကို မေးမြန်း ထားပါတယ်။
ဗိုလ်မုန်တိုင်းကို အဲဒီစွပ်စွဲချက်အပြင် ရွှေ ၁၆ ပိဿာကျော် အလွဲသုံးစား လုပ်မှုနဲ့ NUG က ဖမ်းဆီးထားတာ ၆ လာကျော် လာပြီ ဖြစ်ပြီး မိသားစု နဲ့လည်း တွေ့ခွင့်မရဘူးလို့ သိရပါတယ်။
THN Public Media
