Blog

နိုင်ငံရေး

PSLF/TNLA တအာင်းအဖွဲ့ နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖေါ်ပြဖို့ DVB ကို စာပို့

PSLF/TNLA တအာင်းအဖွဲ့ နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖေါ်ပြဖို့ DVB ကို စာပို့ စက်တင်ဘာ ၁၅ – ၂၀၂၅ DVB အနေနဲ့ PSLF/TNLA တအာင်းအဖွဲ့ နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ဖေါ်ပြတာ မလုပ်ဖို့ မေတ္တာရပ်ခံချက် ကို PSLF/TNLA က ဒီကနေ့ DVB ကို စာပေးပို့လိုက်ပါတယ်။ စာထဲမှာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေတဲ့ သတင်းတချို့ကို ဖေါ်ပြထားပြီး၊ DVB အနေနဲ့ အမှားပြင်ဆင်ပေးဖို့နဲ့ PSLF/TNLA နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို အတည်ပြုချက်ရယူရန်နဲ့ DVB ကိုယ်တိုင် လာရောက် သတင်းစုံစမ်း ရေးသားနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media – YouTube

Read More
War နိုင်ငံရေး ပြည်တွင်း

ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ

ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ စက်တင်ဘာ ၁၅ -၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးရှိ တပ်စခန်းနဲ့ ဌာနချုပ် အပါအဝင် ရပ်ကွက် ကျေးရွာ တချို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီးနောက် မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေ ဆက်ရှိ နေပြီး ပြင်းထန်နေတယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ကလည်း ဗန်းမော်မြို့ကို လက်မလွှတ်ရရေး ခံစစ် အနေအထားနဲ့ အပြင်းအထန် ကာကွယ် တိုက်ခိုက် နေတာကြောင့် တိုက်ပွဲ က ပိုပြီး ပြင်းထန်နေတာ

Read More
Sport

စီးတီးအနိုင်ရ အဆင့် ၈ ကို တက်၊ မန်ယူ အဆင့် ၁၄ ဆင်း

စီးတီးအနိုင်ရ အဆင့် ၈ ကို တက်၊ မန်ယူ အဆင့် ၁၄ ဆင်း မန်စီးတီး ၃ – ၀ မန်ယူ စက်တင်ဘာ ၁၅ – ၂၀၂၅ မနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၄ အဖြစ် တမြို့တည်း ဒါဘီ ပွဲ ဖြစ်တဲ့ မန်ချက်စတာ စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲမှာ မန်စီးတီး က မန်ယူကို ၃ ဂိုးပြတ်အနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ဟာလန်းက ခြေစွမ်းပြန်ပြနိုင်ခဲ့ပြီး နောက်ပိုင်း ၂ ဂိုး သွင်းယူခဲ့ကာ ဖိုဒန် က ပထမပိုင်းမှာ အဖွင့် တဂိုး သွင်း ခဲ့တာ

Read More
နိုင်ငံရေး ပြည်တွင်း

ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်စာရင်း ထုတ်ပြန်

ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်စာရင်း ထုတ်ပြန် စက်တင်ဘာ ၁၅ – ၂၀၂၅ စစ်ကော်မရှင်ကျင်းပမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ ဆန္ဒနယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ FPTP စနစ် အတွက် ပြည်သူ့လွှတ်တော် အတွက် ၅၆ နယ်၊ အမျိုးသားလွှတ်တော် အတွက် ၉ နယ် နဲ့ ပြည်နယ်/တိုင်း အတွက် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ————————— THN Public Media – YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN

Read More