Blog

Uncategorized

ထရမ့်မျှော်လင့်နေတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ကို ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ရရှိ၊ ‘’ငြိမ်းချမ်းရေးထက် နိုင်ငံရေး ကို ဦးစားပေးကြောင်း’’ အိမ်ဖြူတော်ပြော

အောက်တိုဘာ ၁၀ – ၂၀၂၅ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ မာရီယာ ကိုရီယာ မာချာဒို (María Corina Machado) ကို နော်ဝေ နိုဘဲလ်ဆုရွေးချယ်ရေး ကောက်မတီက ၂၀၂၅ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။မာချာဒိုကို “မကြာသေးခင် အချိန်တွေမှာ လက်တင် အမေရိကရှိ အရပ်သားတို့ရဲ့ သတ္တိရှိကို ဖေါ်ပြတဲ့ အထူးခြားဆုံး စံနမူနာတွေထဲက တဦး” အဖြစ် နိုဘဲလ် ကော်မတီက ချီးကျူးလိုက်ပြီး “ဗင်နီဇွဲလား ပြည်သူတွေ အတွက် ဒီမိုကရေစီ အခွင့်အရေး မြှင့်တင်ရေး မှာ မဆုတ်မနစ် ကြိုးပမ်း လုပ်ဆောင်မှု” အတွက် ဂုဏ်ပြုလိုက်ပါတယ်။ နိုင်ငံများစွာက အသိအမှတ်မပြုတဲ့ သက်တမ်း ၁၂

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၀ – ၂၀၂၅

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၀ – ၂၀၂၅ ရွှေစျေး – ၈၂ သိန်း ဒေါ်လာ – ၄၀၆၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅ —————- မနေ့ကစျေး ရွှေစျေး – ၈၁ သိန်း ၈ သောင်း ဒေါ်လာ – ၄၁၀၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95

Read More
နိုင်ငံတကာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရမလား

အောက်တိုဘာ ၁၀ – ၂၀၂၅ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နိုဘဲလ်ဆုပေးရေး ကော်မတီကနေ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ကို ကြေညာမှာ ဖြစ်ပြီး၊ ဒီဆုအတွက် စာရင်းတင်သွင်း ခံရသူတွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လည်း တဦး အပါအဝင် ဖြစ်ပါတယ်။ သမ္မတထရမ့်က ဇန်နဝါရီလ ဒုတိယ သမ္မတ သက်တမ်း စတင်ပြီးနောက် သူ့အနေနဲ့ အနည်းဆုံး “စစ်ပွဲ ၇ ခု ကို အဆုံးသတ်ခဲ့တယ်” လို့ အခိုင်အမာ ပြောဆိုကာ၊ တန်ဖိုးကြီးမားတဲ့ ဒီငြိမ်းချမ်းရေး နိုဘဲလ်ဆုကို သူ့အနေနဲ့ ရသင့်ကြောင်း ရှင်းလင်း ပြောကြားထား ပါတယ်။ ဗုဒ္ဓဟူးနေ့က အစ္စရေးနဲ့ ဟားမတ်စ်တို့ အကြား သမ္မတထရမ့် ရဲ့ အချက်

Read More
နိုင်ငံတကာ နိုင်ငံရေး

ဂါဇာ အပစ်အခတ်ရပ်စဲရေး အစ္စရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ

အောက်တိုဘာ ၁၀ – ၂၀၂၅ ဂါဇာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေး ထရမ့်ရဲ့ အစီအစဉ် ကို အစ္စ‌ရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဓားစာခံအားလုံး (အသက်ရှင်သူတွေ နဲ့ သေဆုံးသွားသူတွေပါ) ပြန်လွှတ်ရေး အတွက် အစီအစဥ်ဘောင် ကို အစိုးရအဖွဲ့က အတည်ပြု လိုက်တာလို့ ဆိုပါတယ်။ နေတန်ယာဟုက ဒါဟာ “သမိုင်းဝင် တိုးတက်မှု” ဟု ခေါ်ဆိုခဲ့ပြီး၊ သမ္မတ ဒေါ်နယ် ထရမ့် အပြင် အစ္စရေးဝန်ကြီး အဖွဲ့ အစည်းအဝေးကို တက်ရောက် ခဲ့ကြတဲ့ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် နဲ့ ထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျာရက်

Read More
Uncategorized

မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကော်မရှင် ဥက္ကဌ တွေ့ဆုံဆွေးနွေး၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်း

အောက်တိုဘာ ၉ – ၂၀၂၅ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးန မိုဟာမက် ဟာဆန် နဲ့ မြန်မာစစ်ကော်မရှင် ဥက္ကဌ တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန် ထားပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး နဲ့ အတူ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တန်ဆရီ အော့စ်မန် ဟာရှန် လည်း လိုက်ပါလာပြီး အတူ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးရာမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာတွေကို တွေ့ရလို့ ဝမ်းမြောက် ကြောင်း၊ အာဆီယံ အနေနဲ့ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် ပေးမယ့် အကြောင်း၊ အားလုံး

Read More
War နိုင်ငံရေး သတင်း

ဘုံတိုရွာဖြစ်စဥ် နဲ့ ပတ်သက်ပြီး PDF က လူထုကို လူသားဒိုင်း အဖြစ် အသုံးချတာလို့ စစ်ကော်မရှင် စွပ်စွဲ

အောက်တိုဘာ ၉ – ၂၀၂၅ အောက်တိုဘာ ၆ ရက်နေ့ ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီးမီးသပိတ်ကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၄၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က ဒါဟာ PDF တွေကနေ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်ရာမှာ ပြည်သူလူထုကို လူသားဒိုင်း အဖြစ် အသုံးချ ခဲ့တာလို့ ဒီကနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။ စစ်တပ်ကနေ အပစ်မဲ့အရပ်သား ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် (Counter – Terrorism Operation) အဖြစ် ရွေးချယ် တိုက်ခိုက်တာလို့ ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာပြီ၊ မြန်မာ့ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်

အောက်တိုဘာ ၉ – ၂၀၂၅ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို ထွက်ခွာလာပြီ ဖြစ်ပြီး၊ မြန်မာစစ်ကော်မရှင် ဥက္ကဌ နဲ့ တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်လို့ သိရပါတယ်။ “သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစော နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားနေပါတယ်” လို့ မိုဟာမက် ဟာဆန် က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသား ဖေါ်ပြထားပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ကတည်းက မြန်မာနိုင်ငံကို လာဖို့ စီစဉ် ထားပေမယ့် ရှောင်လွှဲမရသော

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၉ – ၂၀၂၅

ရွှေစျေး – ၈၁ သိန်း ၈ သောင်း ဒေါ်လာ – ၄၁၀၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅ ————– မနေ့ကစျေး ရွှေစျေး – ၈၂ သိန်း ဒေါ်လာ – ၄၀၈၅ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅

Read More
War

ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် သဘောတူညီမှု နေတန်ယာဟု သဘောထားထုတ်ပြန်

အောက်တိုဘာ ၉ – ၂၀၂၅ ဂါဇာမှာ အပစ်ရပ်စဲဖို့ ပထမ အဆင့် ငြိမ်းချမ်းရေး အစီအစဥ်ကို နှစ်ဘက် သဘောတူညီ နိုင်ခဲ့တဲ့ အပေါ် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ရဲ့ သဘောထားကို X မှာ ထုတ်ပြန် လိုက်ပါတယ်။ – “အစီအစဉ်ရဲ့ ပထမအဆင့်ကို အတည်ပြုလိုက်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဓားစာခံ အားလုံးကို အိမ်ပြန်ခေါ်ဆောင် နိုင်ပါလိမ့်မယ်။ ဒါဟာ သံတမန်ရေးရာ အောင်မြင်မှုတစခုဖြစ်သလို၊ အစ္စရေးနိုင်ငံ အတွက် အမျိုးသားရေးနဲ့ စိတ်ဓါတ်ရေးရာ အောင်ပွဲတခုလည်း ဖြစ်ပါတယ်။ ပထမကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်- ကျွန်တော်တို့ရဲ့ ဓားစာခံအားလုံး ပြန်မရောက်မချင်းနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အားလုံး မအောင်မြင်မချင်း ကျွန်တော်တို့ နားမှာ မဟုတ်ပါဘူး။

Read More