Blog

War နိုင်ငံရေး

ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ အစ္စရေး သဘောတူ

အောက်တိုဘာ ၅ – ၂၀၂၅ စေ့စပ်ညှိနှိုင်းမှုတွေ အပြီး အစ္စရေး အနေနဲ့ ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ သဘောတူလိုက်ပြီလို့ သမ္မတ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြထားပါတယ်။ ဒီညှိနှိုင်း သဘောတူညီမှုကို ဟားမတ်စ် ဘက်ကို အသိပေးထားပြီ ဖြစ်ပြီး ဟားမတ်စ်တို့က အတည်ပြုပြီးတာနဲ့ အပစ်ရပ်စဲရေး ချက်ခြင်း သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားစာခံတွေနဲ့ အကျဥ်းသား လဲလယ်ရေးလည်း စတင်မှာ ဖြစ်ပြီး၊ အဲဒီနောက် တပ်ဆုတ်ဖို့ နောက်တဆင့် အခြေအနေတွေကို သတ်မှတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ နှစ် ၃၀၀၀ ကျော်ကြာ ကပ်ဘေးကြီး အဆုံးသတ်ဖို့ ဖြစ်လာလိမ့်မယ် လို့လည်း ထရမ့်က ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနုပညာအသိုင်းအဝန်းနဲ့ ထပ်မံတွေ့ဆုံ၊ ဦးခင်ရီက မဲဆွယ်တာ မဟုတ်ဘူးလို့ပြော

အောက်တိုဘာ ၅ – ၂၀၂၅ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက အနုပညာအသိုင်းအဝန်းက လူပုဂ္ဂိုလ် တချို့ကို တွေ့ဆုံ စကားပြောခဲ့တယ်လို့ ပြည်ခိုင်ဖြိုး ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြထား ပါတယ်။ ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းရုံးမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံမှုမှာ ဦးခင်ဦက သူ့အနေနဲ့ မဲဆွယ်တာ မဟုတ်ကြောင်း မဲဆွယ်တဲ့ ကာလ လည်း မဟုတ်သေးဘူးလို့ ပြောကြားသွားပါတယ်။ ကိုယ့်ကြိုက်တဲ့ ဘယ်ပါတီမဆို မဲပေးလို့ရတယ်လို့ သူက ဆိုပါတယ်။ အနုပညာရှင်တွေ အနေနဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ လူငယ်တွေ လမ်းမှားမရောက်အောင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ် ပြောကြားတာလို့လည်း သူက ပြောဆိုသွားပါတယ်။

Read More
နိုင်ငံရေး သတင်း

သတင်းထောက် မမုဒြာ ကို ချက်ခြင်းလွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

အောက်တိုဘာ ၅ – ၂၀၂၅ မောင်တောအခြေစိုက် Border News Agency အမျိုးသမီးသတင်းထောက် မမုဒြာ ကို အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အပေါ် ချက်ခြင်းပြန်လွှတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို အမျိုးသမီးအဖွဲ့ ၃ ဖွဲ့က တောင်းဆို လိုက်ပါတယ်။ Myanmar Women in Media၊ Burmese Women’s Union နဲ့ Sisters 2 Sisters ၃ ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့က တောင်းဆိုတဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ မမုဒြာ ကို ဖမ်းဆီး စစ်ဆေးချိန် သီတင်း ၂ ပတ် ရှိပြီဖြစ်လို့ စိုးရိမ်ပူပန်ကြောင်း

Read More
War နိုင်ငံရေး ပြည်တွင်း

နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ စစ်တပ်ဗုံးကြဲ၊ ကလေး ၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

အောက်တိုဘာ ၅ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ ကို မနေ့ နေ့လယ်ပိုင်း ၁၂ နာရီခွဲ လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ကလေး (၂) ဦး သေဆုံးပြီး ကလေး (၆) ဦး အပါအဝင် (၉) ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA တအာင်းတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် ပြည်သူလူထု နေအိမ် (၁၆) အိမ်လည်း ထိမှန်ပျက်စီး သွားခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၅ – ၂၀၂၅

ရွှေစျေး – ၇၉ သိန်း နဲ့ ၈ သောင်း ဒေါ်လာ – ၄၀၈၅ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅ မနေ့ကစျေး ရွှေစျေး – ၇၉ သိန်း ၈ သောင်း ဒေါ်လာ – ၄၀၆၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် –

Read More
War နိုင်ငံတကာ သတင်း

ဓားစာခံတွေ ‘လာမည့်ရက်တွေအတွင်း’ ပြန်လွတ်လာဖို့ ကြေညာနိုင်မယ် လို့ နေတန်ယာဟု ပြောကြား

အောက်တိုဘာ ၅ – ၂၀၂၅ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဂါဇာမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်လာဖို့ကို “လာမည့်ရက်တွေ အတွင်း” ကြေညာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ နေတန်ယာဟုက “ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းမယ်၊ ဂါဇာကို စစ်မဲ့ဇုန်အဖြစ် ပြောင်းလဲမယ်၊ လွယ်ကူတဲ့နည်းလမ်းနဲ့ဖြစ်စေ၊ ခက်ခဲတဲ့ နည်းလမ်းနဲ့ ဖြစ်စေ၊ အောင်မြင်အောင် လုပ်ဆောင်မယ်” လို့ ပြောကြားသွားပါတယ်။ ဟားမတ်စ်က အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်အရ ဓားစာခံတွေ လွှတ်ပေးဖို့ သဘောတူ ကြောင်း သောကြာနေ့က ထုတ်ပြန်ချက် ထုတ်ပြီးနောက် အခုလို နေတန်ယာဟု ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းတဲ့ကိစ္စကို

Read More
နိုင်ငံတကာ နိုင်ငံရေး သတင်း

ပါလက်စတိုင်းအရေး လှုပ်ရှားမှုကို တားမြစ်ထားတဲ့ကြားက လန်ဒန်မြို့လယ် ဆန္ဒပြပွဲ လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ

အောက်တိုဘာ ၅ – ၂၀၂၅ ယူကေမှာ ပါလက်စတိုင်း အ‌ရေးလှုပ်ရှားမှုကို ပိတ်ပင်ထားတဲ့ကြားက မနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ လန်ဒန်မြို့လယ် Trafalgar Square ရင်ပြင်မှာ ပါလက်စတိုင်း ထောက်ခံ ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ ရဲက လူပေါင်း ၄၉၂ ဦးကို ဖမ်းဆီးသွားပါတယ်။ ဆန္ဒပြသူတွေက အခုလို ပါလက်စတိုင်း အ‌ရေးလှုပ်ရှားမှု ပိတ်ပင် ထားချက် ကို ပြန်ရုပ်ရေး တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဓါတ်ပုံ – getty

Read More
ရုပ်သံ အင်တာဗျူး

အန်ယူဂျီ ယာယီသမ္မတနဲ့ အီးအာအို ခေါင်းဆောင်တွေ တွေ့ဆုံမှု ရှေ့အလားလာ သုံးသပ်ချက် – ကိုအောင်မှိုင်း

‘’တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးအတွက် တွေ့မယ်ဆိုရင်တော့… ကြိုဆိုတယ်…’’‘’၂၀၂၅ အလွန်မှာတော့ အခင်းအကျင်း အသစ်တခုကို သေချာပေါက် တွေ့ရမယ်…’’ ကိုအောင်မှိုင်း (၇၆ မျိုးဆက် – နိုင်ငံရေး လေ့လာသုံးသပ်သူ) အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ KNU ဥက္ကဌ ပဒိုကွယ်ထူးဝင်း နဲ့ KNPP ဥက္ကဌ ခူးဦးရယ်တို့နဲ့ အွန်လိုင်းကနေ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုတွေ မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကြာမှ အခုလို ပထမဆုံး တွေ့ဆုံမှုဟာ ဘာကြောင့်လဲ…စစ်ကော်မရှင်ရဲ့ စစ်ရေးဖိအား အခက်အခဲကြောင့်လား..ဒါမှမဟုတ် အခင်းအကျင်းအသစ်တွေ ဖန်တီးဖို့လား…အန်ယူဂျီ ပြုပြင်ပြောင်းလဲရေး တွန်းအားပေးနေမှု နဲ့ ဆက်စပ်နေလား…ခြေဥ ရေးဆွဲပြီး အသွင်ကူးပြောင်းရေး အစိုးရဖွဲ့ဖို့ အတွက်လား…၂၀၂၅ အကုန် တော်လှန်ရေးအင်အားစုတွေ ဘက်မှာ

Read More
ပြည်တွင်း

မြဝတီမှာ မီးလောင်

အောက်တိုဘာ ၅ – ၂၀၂၅ ဒီကနေ့ မနက် ၅ နာရီ ၁၀ မိနစ်လောက်မှာ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ၁၃ ဂိတ်လမ်း ဆိုင်ခန်းမီးလောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မီးသတ်ကား နဲ့ ရေသယ်ကားတွေနဲ့ ငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။

Read More