မိုးလေဝသ

မိုးလေဝသ ရုပ်သံ

မုတ်သုံအကုန် မြောက်ပြန်လေနဲ့ ဆောင်းရာသီ – နှုတ်ဆက်မိုး – ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ)

မုတ်သုံအားလျော့လာပြီး မြောက်ပြန်လေ ဆင်းလာကာ ဆောင်းဦးကို နှုတ်ဆက်ဝင်ရောက်လာချိန်၊ သီတင်းတပတ် မိုးအနည်းငယ် ဆက်ရွာမယ့် အကြောင်း ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) ကနေ မိုးလေဝသ ခန့်မှန်းချက် ကနေ တင်ဆက်ထားပါတယ်။ မိုးအကုန် ဆောင်းဦး မိုးဘာလို့ ရွာမလဲ ဆိုတာနဲ့ မြောက်ပြန်လေဆင်း လေတိုက်ခြင်း ဖြစ်နိုင်ခြေ တို့ကိုလည်း ဦးဌေးတင့်က ရှင်းပြထားပါတယ်။

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

နီပေါနိုင်ငံမှာ မိုးကြီးလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးသေဆုံး

အောက်တိုဘာ ၆ – ၂၀၂၅ နီပေါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးကို သေဆုံးစေခဲ့ပြီး၊ လမ်းတွေ ပိတ်ဆို့ကာ တံတားတွေလည်း ရေထဲ မျောပါကုန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိနေတဲ့ နီပေါနိုင်ငံ အရှေ့ဘက် Ilam) ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေမှာ လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သောကြာနေ့ကစလို့ ရေကြီးမှုကြောင့် လူ ၉ ဦး ပျောက်ဆုံးနေပြီး၊ နီပေါနိုင်ငံရဲ့ တခြား နေရာတွေမှာ ဆိုရင် မိုးကြိုးပစ်ခံရမှုကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ

Read More
မိုးလေဝသ

တောင်တရုတ်ပင်လယ်က နောက်ထပ် မုန်တိုင်းနဲ့ မြန်မာနိုင်ငံကို သက်ရောက်မယ့် ရှမ်းပြည် – ဦးဌေးတင့် ခန့်မှန်းချက်

တောင်တရုတ်ပင်လယ်မှာ နောက်ထပ်မုန်တိုင်း တလုံး ဖြစ်ပေါ်လာနေပြီး ဒီမိုန်တိုင်းဟာ ရှေ့သီတင်းပတ်မှာ ဗီယက်နမ် နဲ့ တရုတ်ကြားက ဖြတ်ကာ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းပြည်ကို သက်ရောက်မှု ရှိနိုင်တဲ့ မိုးလေဝသ အခြေအနေကို ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က ခန့်မှန်း တင်ပြထား ပါတယ်။

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

တာချီလိတ်မှာ မိုးသည်းလို့ မကာအိုခမ်း ရပ်ကွက်ရေကြီး၊ ကျောင်းသူ ကျောင်းသားတွေကို နေရာ ပြောင်းရွှေ့

အောက်တိုဘာ ၁ – ၂၀၂၅ ဒီကနေ့ မနက် ၁၀ နာရီလောက် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာလို့ မကာအိုခမ်းရပ်ကွက်မှာ ရေကြီးမှု ဖြစ်ပွားခဲ့ ပါတယ်။ ဒီအတွက် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း က ကျောင်းသူ ကျောင်းသားတွေကို မီးသတ် စက်လှေ(၃)စီး နဲ့ ရေဘေးလွတ်ရာ ပြောင်းရွှေ့ ပေးခဲ့တယ်လို့ တာချီလိတ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထား ပါတယ်။

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ဖိလစ်ပိုင်မှာ ပြင်းအား ၆.၉ ငလျင်လှုပ်လို့ လူ ၂၆ ဦးထက်မနည်း သေဆုံး၊ ‘ဘေးအန္တရာယ်အရေးပေါ်အခြေအနေ’ ကြေညာ

အောက်တိုဘာ ၁ – ၂၀၂၅ ဖိလစ်ပိုင်အလယ်ပိုင်း မှာ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင် ကြောင့် လူ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။ဘိုဂိုမြို့နဲ့ တခြား ထိခိုက်ခဲ့တဲ့ မြို့တွေ မြို့နယ်တွေမှာ ငလျင်ကြောင့် ‘ဘေးအန္တရာယ် အရေးပေါ်အခြေအနေ’ ကြေညာခဲ့ပါတယ်။ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မထိုးမီ စီဘူးမြို့ ကမ်းလွန်မှာ ငလျင် လှုပ်ခတ်ခဲ့ရာ လျှပ်စစ် ပြတ်တောက်မှုတွေ ဖြစ်ပေါ်ပြီး အဆောက် အအုံတွေ ပျက်စီးခဲ့ပါတယ်။အခုတော့ ဆူနာမီ သတိပေးချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး “ပင်လယ်ရေမျက်နှာပြင် အနည်းငယ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေ လုံးဝ ကင်းလွတ်သွားပြီ” လို့

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် မှာ မိုးသည်းလို့ ရပ်ကွက်တချို့ ရေကြီး

စက်တင်ဘာ ၃၀ – ၂၀၂၅ ရှမ်းပြည်တောင်းပိုင်း လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မှာ ဒီကနေ့ ညနေ ၃ နာရီလောက်မှာ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် မောက်မယ်မြို့နယ်၊ မွေတော် ရပ်ကွက်နဲ့ ဈေတန်း ရပ်ကွက် မြေနိမ့်ပိုင်း နေအိမ်တွေ ရေဝင်ရောက်လာလို့ အိမ်ထောင်စုတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးခဲ့ကြောင်း မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Read More
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ဗီယက်နမ်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံး

စက်တင်ဘာ ၃၀ – ၂၀၂၅ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့ကို တိုက်ခတ်ခဲ့တဲ့ ဘူလွိုင် တိုင်ဖုန်းမုန်တိုင်း ကြောင့် လူ အနည်းဆုံး ၁၁ ဦးကို သေဆုံးစေခဲ့ပြီး အိမ်ရာပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ ဗီယက်နမ် မီဒီယာတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ည က ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ် ခဲ့တဲ့ မုန်တိုင်းကြောင့် လမ်းတွေ ရေလွှမ်းသွားပြီး၊ တံတားတွေ မျောပါသွားကာ အဆောက် အအုံတွေရဲ့ အမိုးတွေလည်း ပြုတ်ထွက်ကုန်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အင်အားလျော့သွားကာ အိမ်နီးချင်း လာအိုနိုင်ငံကို ရွေ့လျားသွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဒါဇင်နဲ့ချီတဲ့ လူတွေလည်း ပျောက်ဆုံးနေသလို ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။ ဒီမုန်တိုင်းဟာ သောကြာနေ့က ဖိလစ်ပိုင်ကို ဖြတ်ကျော်တိုက်ခတ် ခဲ့တာ ဖြစ်ပြီး

Read More
မိုးလေဝသ ရုပ်သံ

မုန်တိုင်းနဲ့ လေစိုင်ဝဲကြောင့် မြန်မာပြည်မိုးကြီးမယ့် မိုးလေဝခန့်မှန်းချက်

ဦးဌေးတင့် – မိုးဇလဘလော့ဂါ (စက်တင်ဘာ ၂၃ – ၂၀၂၅) ဖိလိစ်ပိုင် ကျွန်းကို တိုက်ခတ်နေတဲ့ စူပါတိုင်ဖုန်း မုန်တိုင်း လမ်းကြောင်းနဲ့ မုန်တိုင်း အရှိန်… အဲဒီနောက်မှာ ကပ်လိုက်လာနဲ့ နောက်ထပ် မုန်တိုင်းတလုံး… မြန်မာနိုင်ငံအောက်ဘက်က ဘင်္ဂလားပင်လယ်အော်မှာ အရှိန်ပြင်းလာမယ့် လေစိုင်ဝဲ… စတဲ့ အရှေ့အနောက် ရာသီဆိုးဝါးမှုကြောင့် မြန်မာနိုင်ငံမှာ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ရခိုင်ဘက်မှာ မိုးကြီးတွေ ရွာသွန်းမှာ ဖြစ်လို့ အထူးသတိထားကြဖို့ မိုးဇလ ဘလော့ဂါ ဦးဌေးတင့်က စက်တင်ဘာ ၂၃ ရက်နေ့မှာ ဗျို့ဟစ် ဆော်သြထားပါတယ်။

Read More
မိုးလေဝသ

၆ ရက်စာ မိုးလေဝသ ခန့်မှန်းချက် – ဦးဌေးတင့် – မိုးဇလ ဘလော့ဂါ (စက်တင်ဘာ ၁၈ – ၂၀၂၅)

မုတ်သုံ ပုံမှန် အားကောင်းနေပြီး တောင်တရုတ်ပင်လယ်မှာ ဖြစ်မယ့် မုန်တိုင်းကြောင့် မိုးနှောင်း ကောင်းမယ့် အခြေအနေ နဲ့ မြန်မာနိုင်ငံ အတွက် ၆ ရက်စာ မိုးလေဝသ အခြေအနေကို ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က ခန့်မှန်း တင်ဆက်ပေးထားပါတယ်။

Read More