အီဂျစ်မှာကျင်းပတဲ့ ‘’ငြိမ်းချမ်းရေး ၂၀၂၅’’ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက် လက်မှတ်ရေးထိုး
အောက်တိုဘာ ၁၄ – ၂၀၂၅ ဂါဇာစစ်ပွဲ အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အတွက် အီဂျစ်နိုင်ငံမှာ မနေ့က သမ္မတ ထရမ့် ဦးဆောင် ကျင်းပပြီး ကမ္ဘာ့ ခေါင်းဆောင် ၃၀ နီးပါ တက်ရောက်တဲ့ ‘’ငြိမ်းချမ်းရေး ၂၀၂၅’’ မှာ သမ္မတ ထရမ့် နဲ့ ကာတာ၊ အီဂျစ်၊ တူရကီ နိုင်ငံက ခေါင်းဆောင်တွေ သဘောတူညီချက် တခုကို လက်မှတ် ရေးထိုးခဲ့ ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်မှာ အချက်အလက် အသေးစိတ်ကို ဖေါ်ပြခြင်းမရှိသလို အစ္စရေး နဲ့ ဟားမတ်စ် တို့ပါဝင် လက်မှတ်ထိုးခြင်း မရှိခဲ့ပါ။ ခေါင်းဆောင်တွေကတော့ ‘’အလွန်တရာအရေးကြီးတဲ့ လက်မှတ် ရေးထိုးပွဲ’’ လို့ ခေါ်ဆိုကြပြီး ဒါဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့