နိုင်ငံတကာ

နိုင်ငံတကာ သတင်း

အမေရိကန်ပြည်ထောင်စု မစ်ချီဂန် ပြည်နယ် မော်မွန်ဘုရားကျောင်း ပစ်ခတ်မှု အနည်းဆုံး လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

စက်တင်ဘာ ၂၉ – ၂၀၂၅အမေရိကန်ပြည်ထောင်စု မစ်ချီဂန် ပြည်နယ် မော်မွန် ခရစ်ယာန် ဘုရားကျောင်း ထဲကို သေနတ်သမားတဦးက ကားတစီးနဲ့ မောင်းဝင် လာပြီး သေနတ်နဲ့ ပစ်ခတ်ကာ အဆောက်အအုံကို မီးရှို့ခဲ့တဲ့ အတွက် အနည်းဆုံး လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ဒက်ထရွိုက်မြို့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာရှိ Grand Blanc မြို့ ယေရှုခရစ်တော် ဘုရားကျောင်း (Church of Jesus Christ of Latter-day Saints) မှာ လူရာပေါင်းများစွာ တက်ရောက် တဲ့ တနင်္ဂနွေ ဝတ်ပြုမှု အချိန် အတွင်း အချိန်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Read More
နိုင်ငံတကာ

ယူကရိန်းတခုလုံးကို ရုရှားဆီကနေ အနိုင် ပြန်ရနိုင်ကြောင်း ထရမ့်ပြောကြား

စက်တင်ဘာ ၂၄ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ယူကရိန်းဟာ “သူ့ရဲ့ မူလပုံစံ အတိုင်း ယူကရိန်း တခုလုံးကို အနိုင် ပြန်ရနိုင်တယ်’’ လို့ ပြောကြားလိုက်ပြီး ဒါဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲအပေါ် ထရမ့်ရဲ့ ကြီးမားစွာ ပြောင်းလဲသွားတဲ့ ရပ်တည်ချက် အဖြစ် တွေ့မြင်ရပါတယ်။ ထရမ့်က Truth Social ပလက်ဖောင်းမှာ ရေးထားရာ ဥရောပနဲ့ နေတိုး တို့ရဲ့ ထောက်ပံ့မှုနဲ့ အတူ ရုရှားအပေါ်လည်း စီးပွားရေး ဖိအားတွေကြောင့် ယူကရိန်းဟာ “ဒီစစ်ပွဲစတင်ခဲ့တဲ့ မူလ နယ်နိမိတ်တွေကို” ပြန်လည်ရယူနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ထရမ့်ဟာ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခမှာ မိန့်ခွန်း ပြောကြားပြီးနောက် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်

စက်တင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။ ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ပြင်သစ်သမ္မတ မက်ခရွန် ကုလညီလာခံမှာ ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅အာလုံး မျှော်လင့်ထားတဲ့ အတိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်အစိုးရ အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြု ဖြစ်ကြောင်း အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အခုလို ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံရေး လှိုင်းထဲမှာ ပြင်သစ်လည်း ပါဝင်လာတာ ဖြစ်ပါတယ်။အခုလို ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုကြောင်း မပြောကြားခင် သမ္မတ မက်ခရွန်က ဂါဇာ စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ဟားမတ်စ် အနေနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ကုလသမဂ္ဂကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ဆုလာဘ်ကြီးပေးတာ” ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ကြီးမားသော ဆုလာဘ်ပေးခြင်း” ဖြစ်တယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။ဆိုရှယ် လူမှုကွန်ရက်မှာ တင်ခဲ့သော ဗီဒီယိုတခုမှာ ဘင်ဂျမင် နေတန်ယာဟု က ပါလက်စတိုင်း နိုင်ငံ “ဖြစ်လာမှာမဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။ “ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်လို့ရမှာ မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပြီး၊ အစ္စရေးတို့ဟာ West Bank ရှိ ဂျူးအခြေချ နေထိုင်မှုတွေကို နှစ်ဆတိုးခဲ့ပြီး “ဒီလမ်းကြောင်း အတိုင်း ဆက်လက်သွားနေမယ်” လို့လည်း ဆိုပါတယ်။ နေတန်ယာဟုက အစ္စရေးဒေသမှာ သူ့အဆို “အကြမ်းဖက်နိုင်ငံကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းမှု” အပေါ်

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတ ထရမ့်က ချာလီ ကာ့ခ်ကို ‘အမေရိကန်သူရဲကောင်း’ အဖြစ် ချီးကျူး၊ လူ ၁ သိန်းနီးပါး အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်

စက်တင်ဘာ ၂၂ – ၂၀၂၅ ချာလီကာ့ခ် အတွက် အောက်မေ့ဖွယ် အခမ်းအနားကို အရီဇိုးနားပြည်နယ် State Farm အားကစားကွင်းမှာ ကျင်းပရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တက်ရောက်လာတဲ့ လူ ၁ သိန်း နီးပါး ရှေ့မှာ ကွန်ဆာဗေးတစ် လှုပ်ရှားသူ ချာလီ ကာ့ခ် ကို “ကြီးမြတ်တဲ့ အမေရိကန်သူရဲကောင်း” အဖြစ် ချီးကျူး ပြောဆို လိုက်ပါတယ်။ “သူက အမေရိကန်ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်သူပါ” လို့ ထရမ့်က ကာ့ခ်အကြောင်း ပြောကြားခဲ့ပါတယ်။“ဒီနေ့ ဒီနေရာမှာရှိတဲ့ လူတိုင်း အတွက် ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ထဲက ဘယ်သူမှ ချာလီကို ဘယ်တော့မှ မေ့မှာမဟုတ်ပ။ သမိုင်းကလည်း မမေ့ပါဘူး” လို ပြောကြားပါတယ်။

Read More
နိုင်ငံတကာ

နယ်သာလန်မှာ ရွှေ့ပြောင်းလာသူ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေ နဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

စက်တင်ဘာ ၂၁ – ၂၀၂၅ နယ်သာလန်နိုင်ငံ သယ်ဟိတ် မြို့မှာ စနေနေ့က ရွှေ့ပြောင်းအခြေချသူ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ ပါတယ်။ လူ ၃၀ ကို ဖမ်းဆီးခဲ့ပြီး ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူ အများအပြားက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး တချို့က ကျောက်တုံးတွေ ပုလင်းတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။လူ ၁၅၀၀ လောက်ဟာ မြို့ကိုဖြတ်ပြီး ဖောက်လုပ်ထားသော အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပြီး ရဲကားတစီးကိုလည်း မီးရှို့ခဲ့ပါတယ်။ နယ်သာလန် ဝန်ကြီးချုပ် Dick Schoof က ရိုင်းစိုင်းတဲ့ အကြမ်းဖက်တဲ့ ထိတ်လန့်စရာ ကောင်းတဲ့ ဖြစ်စဥ်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး

Read More
နိုင်ငံတကာ

သမ္မတထရမ့်ကို ချားလ်စ် ဘုရင်က ဝင်ဆာ ရဲတိုက်ဆီ မြင်းရထားနဲ့ ဖိတ်ခေါ်

စက်တင်ဘာ ၁၇ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ နိုင်ငံတော်အဆင့် ယူကေ ခရီးစဉ် ပထမ နေ့မှာ ချားလ်စ် ဘုရင် နဲ့ ဘုရင့်မိသားစု ကနေ ဝင်ဆာမြို့မှာ ခမ်းနားထည်ဝါစွာ ကြိုဆို ဧည့်ခံခဲ့ပါတယ်။ သမ္မတထရမ့် နဲ့ သမ္မတကတော် မယ်လနီယာ ထရမ့်တို့ ကို လှပတဲ့ ဝင်ဆာရဲတိုက် ဝင်းအတွင်း အလှဆင်ထားတဲ့ မြင်းရထား နဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတထရမ့်ဟာ ချားလ်စ်ဘုရင်နဲ့ အတူ ရဲတိုက်ဝင်း အတွင်း မြက်ခင်းပြင်ပေါ်ရှိ စစ်သည်တွေကို စစ်ဆေးခဲ့ကြ ပါတယ်။ ဘုရင်နဲ့ သမ္မတထရမ့်တို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနေစဉ်မှာ တရားဝင် လက်ဆောင်တွေ ဖလှယ်ကြတဲ့ ရင်းနှီး ဖော်ရွေတဲ့

Read More
နိုင်ငံတကာ ပြည်တွင်း

မူးယစ်ဆေးဝါး မှောင်ခိုမှု AA ငြင်းဆို

စက်တင်ဘာ ၁၇ – ၂၀၂၅ မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ အာရက္ခတပ်တော် AA က ကူညီနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ရဲ့ ပြောကြားချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခက ငြင်းဆိုလိုက်ပါတယ်။ ” BGB က စွပ်စွဲထားသလို သူတို့ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မူးယစ်ဆေးဝါး တွေကို AA ထိန်းချုပ်နယ်မြေက သွားယူနေကြတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါဟာ အခြေအမြစ် မရှိ တဘက်သတ် လုပ်ကြံစွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ နယ်စပ်ကို ကျနော်တို့ ထိန်းချုပ်ပြီး နောက်ပိုင်း မူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွေ လုံးဝ ရပ်တန့်သွားပြီဖြစ်ပါတယ် ” လို့ ဦးခိုင်သုခ က ပြောကြောင်း DMG

Read More
နိုင်ငံတကာ

သမိုင်းတွင်မယ့် ဒုတိယအကြိမ် နိုင်ငံတော်ခရီးစဉ်၊ ထရမ့်နဲ့ မယ်လနီယာ ယူကေကို ရောက်ပြီ

သမိုင်းတွင်မယ့် ဒုတိယအကြိမ် နိုင်ငံတော်ခရီးစဉ်၊ ထရမ့်နဲ့ မယ်လနီယာ ယူကေကို ရောက်ပြီစက်တင်ဘာ ၁၆ – ၂၀၂၅အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒုတိယအကြိမ်မြောက် သမိုင်းဝင် နိုင်ငံတော်ခရီးစဉ် အဖြစ် ယူကေ ကို Air Force One လေယာဥ်ကြီးနဲ့ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။သမ္မတနဲ့ သမ္မတ ကတော် မယ်လနီယာ ဟာ လန်ဒန်မြို့လယ် နဲ့ မိုင် ၄၀ ကျော် ဝေးတဲ့ Stansted လေဆိပ်ကို ဆိုက်ရောက်လာပြီ ဖြစ်ပြီး ယူကေ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper လေဆိပ် လမ်းမပေါ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက် ယူကေကို တင်ကြိုပို့ဆောင်ထားပြီ ဖြစ်တဲ့ Air Force One အနီးမှာ ရပ်ထားတဲ့ အမေရိကန် စစ်ရဟတ်ယာဥ်

Read More