ဂါဇာ အပစ်အခတ်ရပ်စဲရေး အစ္စရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ
အောက်တိုဘာ ၁၀ – ၂၀၂၅ ဂါဇာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေး ထရမ့်ရဲ့ အစီအစဉ် ကို အစ္စရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဓားစာခံအားလုံး (အသက်ရှင်သူတွေ နဲ့ သေဆုံးသွားသူတွေပါ) ပြန်လွှတ်ရေး အတွက် အစီအစဥ်ဘောင် ကို အစိုးရအဖွဲ့က အတည်ပြု လိုက်တာလို့ ဆိုပါတယ်။ နေတန်ယာဟုက ဒါဟာ “သမိုင်းဝင် တိုးတက်မှု” ဟု ခေါ်ဆိုခဲ့ပြီး၊ သမ္မတ ဒေါ်နယ် ထရမ့် အပြင် အစ္စရေးဝန်ကြီး အဖွဲ့ အစည်းအဝေးကို တက်ရောက် ခဲ့ကြတဲ့ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် နဲ့ ထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျာရက်