ပြည်တွင်း

War နိုင်ငံရေး ပြည်တွင်း

ဗန်းမောက်မြို့ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း၊ SNA တပ်စခန်းတချို့ နောက်ဆုတ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်

စက်တင်ဘာ ၂၁၊၂၀၂၅ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ထဲက စခန်းချို့ကို SNA ရှမ်းနီ အမျိုးသားတပ်မတော် ဘက်က လက်လွှတ်လိုက် ရပြီးနောက် KIA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။ SNA ဟာ ဗန်းမောက်မြို့နယ်ထဲက သီလရှင်ကုန်း ၊ တာဝါတိုင် ၊ ဟိုတယ်ဇုန်ပွိုင့်တွေကနေ ဆုတ်ခွာ ပေးလိုက် ရတာဖြစ်ပြီး ကျန်တဲ့ နေရာတွေမှာ SNA တပ်တွေ ရှိနေပြီး မြို့ကို လက်မလွှတ်ရရေး အပြင်း အထန် တိုက်ခိုက် နေကြတာဖြစ် တယ်လို့သိရပါတယ်။ ” ဗန်းမောက်မြို့ကို ရှမ်းနီတွေလက်လွှတ်လိုက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်စခန်း တချို့ လက်လွှတ် လိုက်ရတာပါ။ တိုက်ပွဲတွေဖြစ်နေတုန်း ပစ်ခတ်နေကြတုန်းပဲ။ တပ်ဘက်ကလည်း လေကြောင်းပစ်ကူ

Read More
နိုင်ငံရေး ပြည်တွင်း

စစ်တပ်ကနေ ပြည်ခိုင်ဖြိုးကို အမတ်လောင်း ၅၀၀ နီးပါး ပေးပို့

စက်တင်ဘာ ၁၇ – ၂၀၂၅ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ကနေ အမတ်လောင်း ၅၀၀ နီးပါး ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အတည်မပြုနိုင်သေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေးပို့ခဲ့တဲ့ စရင်းအရ – *ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ သို့ ကာကွယ်ရေးဝန်ကြီးဌာန မှ ပြောင်းရွှေ့ရမည့် အင်အား စာရင်းချုပ်* *ဗိုလ်ချုပ်ကြီး ၁ ဒုဗိုလ်ချုပ်ကြီး ၆ ဗိုလ်ချုပ် ၁၂ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး/ ဒုဗိုလ်မှူးကြီး ၃၀၀ ဗိုလ်ကြီး/ဗိုလ်မှူး ၁၁၀ အခြားအဆင့် ၆၀ (ရုံးအုပ်နှင့် တကက/စရ အပါ)* (၄၂၉ +၆၀= ၄၈၉) ဖြစ်ကြောင်း သိရပါတယ်။ နာမည်စာရင်းများ အားလုံး ပါတီဌာနချုပ်သို့ပေးပို့ပြီး

Read More
နိုင်ငံတကာ ပြည်တွင်း

မူးယစ်ဆေးဝါး မှောင်ခိုမှု AA ငြင်းဆို

စက်တင်ဘာ ၁၇ – ၂၀၂၅ မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ အာရက္ခတပ်တော် AA က ကူညီနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ရဲ့ ပြောကြားချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခက ငြင်းဆိုလိုက်ပါတယ်။ ” BGB က စွပ်စွဲထားသလို သူတို့ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မူးယစ်ဆေးဝါး တွေကို AA ထိန်းချုပ်နယ်မြေက သွားယူနေကြတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါဟာ အခြေအမြစ် မရှိ တဘက်သတ် လုပ်ကြံစွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ နယ်စပ်ကို ကျနော်တို့ ထိန်းချုပ်ပြီး နောက်ပိုင်း မူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွေ လုံးဝ ရပ်တန့်သွားပြီဖြစ်ပါတယ် ” လို့ ဦးခိုင်သုခ က ပြောကြောင်း DMG

Read More
ပြည်တွင်း

ဆူးလေ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲ

ဆူးလေ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲ စက်တင်ဘာ ၁၆ – ၂၀၂၅ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က အထင်ကရနေရာတခုဖြစ်တဲ့ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမရှေ့က လုံခြုံရေးအတွက် ကာရံထားတဲ့ ဘယ်ရီဂိတ်တခုကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မတွေ့ရှိရဘူးလို့ သိရပါတယ်။ “မြို့တော်ခန်းမ အပြင်ဘက်မှာ ကာရံထားတဲ့ ဘယ်ရီဂိတ်အောက်ကနေ ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ ဗုံးပေါက်တဲ့အချိန်က မနက်ပိုင်း လူသွားလူလာနည်းတဲ့ အချိန်မို့ လူထိခိုက်တာတော့ မတွေ့ခဲ့ရဘူး။

Read More
နိုင်ငံရေး ပြည်တွင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောက မူဆလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံ၊ မောင်တောမြို့က ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေး

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောက မူဆလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံ၊ မောင်တောမြို့က ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေး စက်တက်ဘာ ၁၆ – ၂၀၂၅ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဌ၊ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ရခိုင်မြောက်ပိုင်း မောင်တောက မူဆလင် အသိုင်း အဝိုင်းနဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြောင်း အာရက္ခ မင်းသမီး မီဒီယာ မှာ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့က သတင်းဖေါ်ပြ ထား ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ဆယ်စုနှစ် တခုကျော်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့က ဂျာမေဗလီကြီးကို ULA/AA က ပြန်ဖွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဂျာမေဗလီကြီးဟာ မောင်တောမြို့ရဲ့

Read More
နိုင်ငံရေး ပြည်တွင်း

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး နဲ့ ဒုဗိုလ်ချုပ်ကြီး အများအပြား ပြည်ခိုင်ဖြိုး ကနေ အမတ်ဝင်ရွေးမယ်

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး နဲ့ ဒုဗိုလ်ချုပ်ကြီး အများအပြား ပြည်ခိုင်ဖြိုး ကနေ အမတ်ဝင်ရွေးမယ် စက်တင်ဘာ ၁၆ – ၂၀၂၅ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေ အပါအဝင် စုစုပေါင်း ၂၃ ဦးကို လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်အရွေးခံဖို့ ပြည်ခိုင်ဖြိုး ပါတီကို လွှဲပြောင်း ပေးလိုက်တယ်လို့ သိရပါတယ်။ – ပြည်ခိုင်ဖြိုးကို လွှဲပြောင်းပေးလိုက်တဲ့ စာရင်း —————————– ၁။ ဦးအောင်လင်းဒွေး (နအလ အမှုဆောင်ချုပ်) ၂။ ဦးမြထွန်းဦး (ပို့ဆက်ဝန်ကြီး) ၃။ ဦးလင်းအောင် (ကစထ ၃ မှူး ဒုဗိုလ်ချုပ်ကြီး) ၄။ ဦးတေဇကျော် (ကကစစ် ဒုဗိုလ်ချုပ်ကြီး) ၅။ ဦးသက်ပုံ ( စစ်ရေးချုပ်

Read More
နိုင်ငံတကာ နိုင်ငံရေး ပြည်တွင်း

အမေရိကန်တပ်တွေ ဘင်္ဂလားဒေ့ရှ် ရောက်ရှိမှု နဲ့ အိန္ဒိယ မြန်မာ ပထဝီနိုင်ငံရေး မုန်တိုင်း

အမေရိကန်တပ်တွေ ဘင်္ဂလားဒေ့ရှ် ရောက်ရှိမှု နဲ့ အိန္ဒိယ မြန်မာ ပထဝီနိုင်ငံရေး မုန်တိုင်း စက်တင်ဘာ ၁၆ – ၂၀၂၅ ‘’ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနီး ဘင်္ဂလားပင်လယ် အော် ဒေသမှာ ပြင်ပအင်အားကြီးနိုင်ငံတွေ ပိုမိုပါဝင်လာတာနဲ့ ဆက်စပ်နေပုံရကြောင်း ဖေါ်ပြထားပါတယ်။’’ – နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မူဟာမတ် ယူနွတ်စ် ဒါကာမှာ အာဏာရပြီး နောက် အမေရိကန်စစ်တပ် ကနေ ထောက်လှမ်းရေး ခရီးစဉ်တွေက စလို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ အထိ စစ်တကောင်းဒေသမှာ မကြာခဏ ဆိုသလို ဝင်ရောက်တာတွေ ရှိခဲ့ပါတယ်။ The Economic Times ရဲ့ သတင်း ဖော်ပြချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့

Read More
War နိုင်ငံရေး ပြည်တွင်း

ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ

ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ စက်တင်ဘာ ၁၅ -၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးရှိ တပ်စခန်းနဲ့ ဌာနချုပ် အပါအဝင် ရပ်ကွက် ကျေးရွာ တချို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီးနောက် မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေ ဆက်ရှိ နေပြီး ပြင်းထန်နေတယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ကလည်း ဗန်းမော်မြို့ကို လက်မလွှတ်ရရေး ခံစစ် အနေအထားနဲ့ အပြင်းအထန် ကာကွယ် တိုက်ခိုက် နေတာကြောင့် တိုက်ပွဲ က ပိုပြီး ပြင်းထန်နေတာ

Read More
နိုင်ငံရေး ပြည်တွင်း

ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်စာရင်း ထုတ်ပြန်

ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်စာရင်း ထုတ်ပြန် စက်တင်ဘာ ၁၅ – ၂၀၂၅ စစ်ကော်မရှင်ကျင်းပမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ ဆန္ဒနယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ FPTP စနစ် အတွက် ပြည်သူ့လွှတ်တော် အတွက် ၅၆ နယ်၊ အမျိုးသားလွှတ်တော် အတွက် ၉ နယ် နဲ့ ပြည်နယ်/တိုင်း အတွက် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ————————— THN Public Media – YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN

Read More