နီပေါနိုင်ငံမှာ မိုးကြီးလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးသေဆုံး
အောက်တိုဘာ ၆ – ၂၀၂၅ နီပေါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးကို သေဆုံးစေခဲ့ပြီး၊ လမ်းတွေ ပိတ်ဆို့ကာ တံတားတွေလည်း ရေထဲ မျောပါကုန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိနေတဲ့ နီပေါနိုင်ငံ အရှေ့ဘက် Ilam) ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေမှာ လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သောကြာနေ့ကစလို့ ရေကြီးမှုကြောင့် လူ ၉ ဦး ပျောက်ဆုံးနေပြီး၊ နီပေါနိုင်ငံရဲ့ တခြား နေရာတွေမှာ ဆိုရင် မိုးကြိုးပစ်ခံရမှုကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ