စက်တင်ဘာ ၂၃ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ထုတ်ဖေါ် အဆိုပြုခဲ့တဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအစဥ် ၂၁-ချက်
၁။ ဂါဇာသည် အစွန်းရောက်မှုကင်းသော၊ အကြမ်းဖက်မှုကင်းသော ဇုန်ဖြစ်ရမည် အိမ်နီးချင်းများ အပေါ် ခြိမ်းခြောက်မှု မရှိစေရ။ ၂။ ဂါဇာကို ဂါဇာပြည်သူများ၏ အကျိုးအတွက် ပြန်လည် တည်ဆောက်ရမည်။ ၃။ အစ္စရေးနှင့် ဟာမတ်စ်တို့ အနေနနဲ့ အဆိုပြုချက်ကို သဘောတူပါက စစ်ပွဲကို ချက်ချင်း အဆုံးသတ်ရမည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် စစ်ဆင်ရေး အားလုံးကို ရပ်စဲပြီး ဂါဇာကမ်းမြှောင်မှ တဖြည်းဖြည်း ရုပ်သိမ်းရမည်။ ၄။ အစ္စရေးက လူသိရှင်ကြား သဘောတူပြီးနောက် ၄၈ နာရီ အတွင်း ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးရမည် (အသက်ရှင်သူနှင့် သေဆုံးသူများ အပါအဝင်)။ ၅။ ဓားစာခံများ ပြန်ရောက်ပြီးပါက အစ္စရေးက တသက်တကျွန်းကျခံနေရသော ပါလက်စတိုင်း လုံခြုံရေး အကျဥ်းသား