သတင်း

ပြည်တွင်း သတင်း

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရ

အောက်တိုဘာ ၁၂ – ၂၀၂၅ အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “သူက လေယာဉ်ပေါ်ရောက်မှ ဖမ်းခံရတာ မဟုတ်ပါဘူး။ ဘိုရင်းခေါ်နေတဲ့ အချိန်မှာပဲ မိတာပါ။ လေယာဉ်ပေါ်ကို မရောက်သေးပါဘူး။ ပြီးတော့ သူက ရုပ်လည်း မဖျက်ထားပါဘူး။

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၂ – ၂၀၂၅

ရွှေစျေး – ၈၂ သိန်း ၈ သောင်း ဒေါ်လာ – ၄၀၅၅ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ ဒီဇယ် – ၂၅၀၅ ————— မနေ့ကစျေး ရွှေစျေး – ၈၂ သိန်း ၈ သောင်း ဒေါ်လာ – ၄၀၆၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ ဒီဇယ် –

Read More
နိုင်ငံတကာ နိုင်ငံရေး

ဓားစာခံတွေ လွတ်လာဖို့ စောင့်မျှော်နေတဲ့ အစ္စရေးလ်တို့က ထရမ့်ကို ချီးကျူးဂုဏ်ပြုတဲ့ လူထုဆန္ဒဖေါ်ထုတ်ပွဲကြီး ကျင်းပ၊ တနင်္လာနေ့ အီဂျစ်ကို ထရမ့်လာမယ်

အောက်တိုဘာ ၁၂ – ၂၀၂၅ ဟားမတ်စ်အဖွဲ့က အစ္စရေးလ် ဓားစာခံတွေကို လွှတ်ပေးဖို့ စောင့်မျှော်နေကြတဲ့ တယ်လ်အဗိစ် (Tel Aviv) မြို့က လူထောင်ပေါင်းများစွာဟာ ထရမ့်ကို ချီးကျူး ဂုဏ်ပြုကြောင်း စုရုံးဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ် (Steve Witkoff) ကလည်း လူထုပရိသတ်ကြီးကို မိန့်ခွန်းပြောကြားရာမှာ ဓားစာခံတွေ “အိမ်ပြန်လာတော့မယ်” လို့ ပြောကြားခဲ့ပြီး ဂါဇာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံ လဲလှယ်ရေး သဘောတူညီချက်ကို ဖြစ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဒေါ်နယ်လ် ထရမ့် ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ လူအုပ်ကြီးထဲကနေ လူတွေက “ထရမ့်ကို ကျေးဇူးတင်ပါတယ်!” လို့ အော်ဟစ်ခဲ့ကြ ပေမယ့် ဝစ်တ်ကော့ဖ်က အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု

Read More
War နိုင်ငံရေး

AA ထိန်းချုပ်ဒေသချို့ကို စစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အတွက် စစ်ရေးသတိရှိကြဖို့ AA ထုတ်ပြန်

အောက်တိုဘာ ၁၂ – ၂၀၂၅ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တချို့ကို စစ်တပ် က ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်နေပြီး၊ စစ်သင်္ဘောတွေနဲ့ ပင်လယ်ပြင်ကနေ ရမ်းသန်းပစ်ခတ်နေတဲ့ အတွက် စစ်ရေး သတိ ရှိကြဖို့ကို AA က အောက်တိုဘာ ၁၀ ရက်နေ့က သတင်း ထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြိုနယ်အတွင်း) တို့မှာလည်း စစ်တပ်ရဲ့ ထိုးစစ်ကို တန်ပြန်ထိုးစစ် ဆင်နေတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွား ဖြစ်ပွားနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ နှစ်ဘက်စလုံး အတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ (၅) ခုမှာ အပြန် အလှန်

Read More
နိုင်ငံတကာ နိုင်ငံရေး

တိုက်ခိုက်ရေးသမားတွေ ဟားမတ်စ် ပြန်လည်ခေါ်ယူ၊ ဂါဇာအတွင်း ပဋိပက္ခဖြစ်မှာကို စိုးရိမ်

အောက်တိုဘာ ၁၁ – ၂၀၂၅ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာ နေရာ တချို့ကနေ ဆုတ်ခွာပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဂါဇာကို ပြန်ထိန်းချုပ်ဖို့ ဟားမတ်စ် အဖွဲ့က သူတို့ရဲ့ တိုက်ခိုက်ရေးသမား ၇၀၀၀ ကို ပြန်လည် ခေါ်ယူလိုက်ပါတယ်။ စစ်ပွဲပြီးတဲ့ အခါ ဂါဇာကို ဘယ်သူ အုပ်ချုပ်မလဲ ဆိုတာ မရေရာမှုတွေ မြင့်တက်လာနေချိန်မှာ အခုလို ဟားမတ်စ်တို့ရဲ့ တပ်ဖွဲ့ဝင် ပြန်ခေါ်မှုဟာ အများက မျှော်လင့်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ရဲ့ နောက်ပိုင်း အဆင့်တွေ အတွက် အဓိက အငြင်းပွားဖွယ်ရာ အချက်တခု ဖြစ်ပါတယ်။ ဂါဇာမှာ ပျောက်ဆုံးနေတဲ့ ပါလက်စတိုင်း ရုပ်အလောင်းတွေကို ရှာဖွေဖို့

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၁ – ၂၀၂၅

ရွှေစျေး – ၈၂ သိန်း ၈ သောင်း ဒေါ်လာ – ၄၀၅၅ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ ဒီဇယ် – ၂၅၀၅ ———— မနေ့ကစျေး ရွှေစျေး – ၈၂ သိန်း ဒေါ်လာ – ၄၀၆၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅

Read More
ပြည်တွင်း သတင်း

ဒလတံတားဆက်တဲ့ အခမ်းအနား စစ်ကော်မရှင်ဥက္ကဌ တက်ရောက်

အောက်တိုဘာ ၁၁ – ၂၀၂၅ မြန်မာ – ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်တဲ့ အခမ်းအနားကို မနေ့က မနက်ပိုင်းက ပြုလုပ်ခဲ့ရာ စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ စစ်ကော်မရှင် ဥက္ကဌက အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ Controller အသုံးပြုပြီး ကွန်ကရစ် သွန်းလောင်း တံတားဆက်တာကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Read More
နိုင်ငံရေး သတင်း

မြန်မာနိုင်ငံခရီးစဥ်မှာ အကြမ်းဖက်မှုတွေရပ်စဲဖို့၊ အရပ်ဘက်ကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ အပစ်ရပ်စဲရေးကြေညာဖို့ ၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး တို့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

အောက်တိုဘာ ၁၁ – ၂၀၂၅ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ အောက်တိုဘာ ၉ ရက်နေ့က မြန်မာနိုင်ငံ ခရီးစဥ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ခရီးစဥ်အတွင်း မြန်မာစစ်ကော်မရှင် ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် ဦးညိုစော နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဆွေးနွေးရာမှာ မစ္စတာ ဟာဆန် က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် မှာ ပါတဲ့ အဓိက အချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်စဲပြီး လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးရေးနဲ့ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးဖို့ကို ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

Read More