သတင်း

War နိုင်ငံရေး

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်ကလေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်က အောက်တိုဘာ ၂ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်မှာ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတဲ့အတွက် ဟိုတယ် ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၃ – ၂၀၂၅

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၃ – ၂၀၂၅

ရွှေစျေး – ၇၉ သိန်း နဲ့ ၃ သောင်းဒေါ်လာ – ၄၀၅၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅ မနေ့ကစျေးရွှေစျေး – ၇၉ သိန်း ၄ သောင်းဒေါ်လာ – ၄၀၂၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၉၂၀ / 95 – ၂၉၈၀ဒီဇယ် – ၂၅၈၀

Read More
နိုင်ငံရေး အင်တာဗျူး

တပ်ချုပ်အကြောင်းပြန်လားနှင့် ဖျက်သိမ်းခံ NDF ခ‌မောက်ပါတီ နောက်ဆုံး အခြေအနေ – ကိုထက်အောင်ကျော်နဲ့ မေးမြန်းခန်း

NDF ဆိုတာ ပညတ်ပါ… ပညတ်တွေက အရေးမကြီးပါဘူး…’’‘’တပ်ချုပ်ဆီကို… ဒါသည် မဖြစ်သင့်ပါဘူးပေါ့… ငဲ့ညှာခွင့်ပြုဖို့ တင်တယ်ပေါ့…’’ ဦးထက်အောင်ကျော် (ဖျက်သိမ်းခံ NDF ပါတီ ဒုဥက္ကဌဟောင်း) စစ်ကော်မရှင်အောက် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီဝင်ဦးရေ မပြည့်မီ တာကြောင့် မကြာသေးခင်က ဖျက်သိမ်းလိုက်ရတဲ့ ခ‌မောက်ပါတီလို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF က ပါတီဖျက်သိမ်းခံရမှု အပေါ် တပ်ချုပ်ဆီ စာရေးသား အယူခံဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတော့ တပ်ချပ်က အကြောင်းပြန်ကြားပါလား…ပါတီဆက်တည်ထောင်ဖို့ အခွင့်အလမ်း ရှိပါသေးလား…ဒီဇင်ဘာ ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေ ဘာဆက်လုပ်မလဲ…ပုံစံတမျိုးနဲ့ နိုင်ငံရေး‌လမ်းကြောင်းပေါ်မှာ ရှိနေမလား…ဘာတွေ မျှော်လင့်ထားသေးလဲ…ဒါမှမဟုတ် ပါတီကို ပျက်တဲ့အတိုင်း ဒီအတိုင်းပဲ ထားလိုက်တော့မလား… ဆိုတာ NDF ပါတီ ဒုဥက္ကဌဟောင်း ဦးထက်အောင်ကျော်ကို မေးမြန်း

Read More
နိုင်ငံတကာ သတင်း

ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်တဲ့အထိ ကမ္ဘာမှာ ပထမဆုံး ချမ်းသာသူ အီလွန်မတ်စ် ဖြစ်လာ

အောက်တိုဘာ ၃ – ၂၀၂၅ Tesla လျှပ်စစ်ကား ကုမ္ပဏီ ပိုင်ရှင် ဘီလျံနာကြီး အီလွန်မတ်စ် ဟာ ထရီလီယံ တဝက် (ဒေါ်လာ ဘီလီယံ ၅၀၀) ကို ကမ္ဘာပေါ်မှာ ပထမဆုံး ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဒေါ်လာ ဘီလီယံ ၅၀၀ ကြွယ်ဝချမ်းသာသူ ခဏ ဖြစ်ခဲ့ပြီး အခုတော့ ဒေါ်လာ ၄၉၉ ဘီလီယံသို့ ပြန်ကျသွားခဲ့ပါတယ်။အီလွန်မတ်စ်ဟာ ဒေါ်လာ ထရီလီယံ ၁.၅ ကျော် တန်ဖိုးရှိတဲ့ Tesla ကုမ္ပဏီ ၁၂% ကို ပိုင်ဆိုင်ထားပြီး၊ လျှပ်စစ်ကား ရှယ်ယာဈေးနှုန်း မြင့်တက် လာတာ ကြောင့် သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှု ဟာ အခုနှစ်မှာ ထိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Read More
War နိုင်ငံရေး

ကျောက်မဲကို ဌာနဆိုင်ရာဝန်ထမ်းတွေ ကားအစီးတရာကျော်နဲ့ ပြန်လည် ဝင်ရောက်

အောက်တိုဘာ ၂ – ၂၀၂၅ စစ်တပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ကျောက်မဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲက ဒီနေ့မှ ဌာနဆိုင်ရာတွေ ဝင်တာလေ။ စစ်ရှောင်တွေကို တော့ပေး မဝင်သေးပါဘူး။ သူတို့ စစ်တပ်ဘက်က နယ်မြေ ရှင်းလင်းရေး တောင် မပြီးသေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်မဲမြို့ ကနေ သီပေါဘက် အထွက်လမ်းဘက်က တိုးဂိတ် အကျော်ဘက်ကို စစ်က စစ်ကြောင်းထိုးပြီး လိုက်ပစ်နေတယ်လို့ သိရပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ သူက ပြောပါတယ်။ “ဟုတ်တယ်။ ဌာနဆိုင်ရာတွေ

Read More
War နိုင်ငံရေး ပြည်တွင်း

စစ်ရေးမှာ အရေးသာတဲ့ အချိန် ရှိသလို အရေးနိမ့်တာလည်း ရှိပါတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦး ပြော

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ကနေ TNLA တအာင်းတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရတာ နဲ့ ပတ်သက်ပြီး TNLA TNLA ပြောခွင့်ရ မလွေးယေဦး က “စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာလည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့ သူကတော့ စစ်ရေးမှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည် ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး” လို့ သတင်းဌာနတခုကို ပြောကြားသွားပါတယ်။ ဒါ့အပြင်

Read More
ပြည်တွင်း သတင်း

ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်

အောက်တိုဘာ၂ – ၂၀၂၅ မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာဖြစ်တဲ့ ပန်းချီဆရာကြီးဦးလွန်းကြွယ် လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ပန်းချီဆရာကြီးဆီကသိရပါတယ်။ ပန်းချီဆရာကြီးဦးလွန်းကြွယ်က ရန်ကုန်၊ ရွှေပေါက်ကံ၊တောင်ငူလမ်းမှာရှိတဲ့သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ သဂြိုလ်ဖို့ မိသားစုက စီစဥ်နေတယ်လို့သိရပါတယ်။ “ဆရာကြီး ညကဆုံးတာ ။ ဒီနေ့သဂြိုလ်ဖို့ လုပ်နေကြတယ်။ ရေဝေးမှာသဂြိုလ် မှာ အခုအချိန်ဇယားညှိနေကြတယ်။ ဆရာကြီးကလူကြီးရောဂါနဲ့ဆုံးတာပါ။ တရှောင်ရှောင်ဖြစ်လိုက် ဆေးဝါးကုလိုက် ကောင်းလိုက်ပေါ့။ အရင်ရက်ကတောင်မွေးနေ့ကျင်းပတော့ ကြည်ကြည်လင်လင်ပါဘဲ။ နဂိုထဲကလည်း ကျန်းမာရေးက ချူချာတယ်။ အသက်ကြီးလာတော့ ကျန်းမာရေးက ချူချာတာပေါ့။” လို့ မိသားစုနဲ့ရင်းနှီးတဲ့ ပန်းချီဆရာကြီးဦးကျော်စိုးကပြောပါတယ်။ ဆရာကြီးဦးလွန်းကြွယ်က ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးရဲ့အနုပညယသက်တမ်းက ၇၈ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

Read More
War ပြည်တွင်း

နမ္မတူမြို့ကို စစ်တပ်ဗုံးကြဲ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ္မတူမြို့ကို စစ်တပ်က ဒီကနေ့မနက်မှာ လေယာဥ်နဲ့ ပေါင် (၅၀၀) ဗုံး ကြဲခဲ့တဲ့ အတွက် လူ၄ ဦးသေဆုံးသွားပြီး ကလေးငယ် တဦး အပါအဝင် ၅ ဦးကတော့ ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA တအာင်း တပ်ဖွဲ့က သတင်း ထုတ်ပြန် ထား ပါတယ်။ဒါ့အပြင် နေအိမ် (၈)အိမ်လည်း ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၂ – ၂၀၂၅

ရွှေစျေး – ၇၉ သိန်း နဲ့ ၄ သောင်းဒေါ်လာ – ၄၀၂၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၉၂၀ / 95 – ၂၉၈၀ ဒီဇယ် – ၂၅၈၀ မနေ့ကစျေးရွှေစျေး – သိန်း ၈၀ နဲ့ ၃ သောင်းဒေါ်လာ – ၄၀၈၀ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၉၂၀ / 95 – ၂၉၈၀ဒီဇယ် – ၂၅၈၀

Read More