မြန်မာစစ်တပ်က ပြည်တွင်းစစ်မှာ အနိုင်ရနေလား
ဆောင်းပါးရှင် Zsombor Peter (DW သတင်းဌာန) – ငါးနှစ်ကြာ စစ်မီးတောက်လောင်ခဲ့ပြီးနောက်မှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဟာ နိုင်ငံအနှံ့မှာ မြန်မာစစ်တပ်ကို စိန်ခေါ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ စစ်ဗိုလ်ချုပ်တွေဟာ နယ်မြေဆုံးရှုံးမှုတွေကို ထိန်းချုပ်လာနိုင်ပြီး နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်လာနေပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နယ်မြေ အမြောက်အမြားကို တော်လှန်ရေးအဖွဲ့တွေလက်ထဲ ဆုံးရှုံးခဲ့ရတာပါ။ ဒီစစ်ပွဲကြောင့် စီးပွားရေးဟာ အကြီးအကျယ် ပျက်စီးခဲ့ရသလို စစ်ကောင်စီ ဟာလည်း စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက် များစွာနဲ့ အတူ နိုင်ငံတကာမှာ အထီးကျန်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာတော့ ထောင်ပေါင်းများစွာသော ဒရုန်းတွေနဲ့ စစ်မှုထမ်း အသစ်တွေကို အသုံးပြုပြီး
