မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လာမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးမယ်
အောက်တိုဘာ ၁၁ – ၂၀၂၅ မြန်မာနိုင်ငံမှာ စစ်ကော်မရှင် ကျင်းပဖို့ စီစဥ်ထားတဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲ ကိစ္စ အပါအဝင် အဲဒီရွေးကောက်ပွဲကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ လာရောက်လေ့လာဖို့ ဖိတ်ကြားထားမှုကို အခုလကုန် ကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မလေးရှား နိုင်ငံက တင်ပြ ဆွေးနွေးမှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံ တဝန်းရှိ နိုင်ငံရေး ပါတီတွေနဲ့ သက်ဆိုင်သူ အားလုံး ပါဝင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာမှုရှိကာ ယုံကြည်စိတ်ချရတဲ့ ပုံစံနဲ့ ဆောင်ရွက်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အလေးပေး ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက