ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ IPU အမှုဆောင်ကောင်စီ အစည်းအဝေး ကနေ ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို IPU ရဲ့ အဓိက ဆွေးနွေးဖက် မိတ်ဖက် အဖြစ် ဆက်လက် အသိအမှတ် ပြု ဆုံးဖြတ်ခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ထားပါတယ်။
ဒီအတွက် CRPH ဟာ IPU ရဲ့ အစည်းအဝေးတွေကို မြန်မာကိုယ်စားပြု ဆက်လက် တက်ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အခန်းကဏ္ဍ ဟာ အရေးပါလှကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာ က သိမြင်ပြီး အကူအညီတွေ ရရှိစေရန် အတွက် ဆက်လက် ကြိုးပမ်းသွား မယ် လို့ CRPH က ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
