THN Public Media Blog သတင်း နိုင်ငံရေး CRPH ကို IPU ရဲ့ အဓိကဆွေးနွေးဖက် မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြု ဆုံးဖြတ်ခဲ့ကြောင်း CRPH ထုတ်ပြန်
နိုင်ငံရေး ပြည်တွင်း

CRPH ကို IPU ရဲ့ အဓိကဆွေးနွေးဖက် မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြု ဆုံးဖြတ်ခဲ့ကြောင်း CRPH ထုတ်ပြန်

အောက်တိုဘာ ၂၃ – ၂၀၂၅

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ IPU အမှုဆောင်ကောင်စီ အစည်းအဝေး ကနေ ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို IPU ရဲ့ အဓိက ဆွေးနွေးဖက် မိတ်ဖက် အဖြစ် ဆက်လက် အသိအမှတ် ပြု ဆုံးဖြတ်ခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတွက် CRPH ဟာ IPU ရဲ့ အစည်းအဝေးတွေကို မြန်မာကိုယ်စားပြု ဆက်လက် တက်ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အခန်းကဏ္ဍ ဟာ အရေးပါလှကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာ က သိမြင်ပြီး အကူအညီတွေ ရရှိစေရန် အတွက် ဆက်လက် ကြိုးပမ်းသွား မယ် လို့ CRPH က ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version