THN Public Media Blog သတင်း နိုင်ငံရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဖွဲ့တော့မယ်၊ NUCC အခန်းကဏ္ဍပျောက်နေ
နိုင်ငံရေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဖွဲ့တော့မယ်၊ NUCC အခန်းကဏ္ဍပျောက်နေ

မတ်လ ၃၀ – ၂၀၂၆

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ Steering Council for Emergence of a Federal Democracy Union SCEF ကို ဖွဲ့စည်းဖို့ NUG CRPH နဲ့ K3C တို့ ဆွေးနွေးနေ ပြီး မကြာခင် အကောင်အထည် ဖေါ်တော့မယ်လို့ သိရပါတယ်။

ဒီကောင်စီ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ KIO KNPP KNU CNF တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်း ပါဝင်မှာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ တော်လှန်ရေး အောင်မြင်ဖို့ ညီညွတ်ရေးနဲ့ နိုင်ငံတကာမှာ တရားဝင်မှု ရရှိရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပမေယ့်လည်း နွေဦးတော်လှန်ရေးအစမှာ ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ်ကို ရွေးဆွဲခဲ့တဲ့ တပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ အခန်းကဏ္ဍ ပျောက်နေတာ ကို တွေ့ရပါတယ်။

SCEF အောက်မှာ စစ်အောင်နိုင်ရေး မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီ ကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီကောင်စီမှာ ရှမ်းပြည်က တိုင်းရင်းသားအဖွဲ့တွေ ပါဝင်မှာ မဟုတ်သလို အာရက္ခတပ်တော် AA လည်း ပါဝင်မှာ မဟုတ်ဘူး လို့ သိရပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version