THN Public Media Blog သတင်း War NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က နေ့စဥ်ဗုံးကြဲနေ
War နိုင်ငံရေး ပြည်တွင်း

NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က နေ့စဥ်ဗုံးကြဲနေ

ဧပြီ ၄ – ၂၀၂၆

NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က ဒီကနေ့မှာ လေယာဥ် ၄ စင်းနဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်နေ့က ပေါက်မြို့နယ် မြောက်ပိုင်းကို ၆ ကြိမ် ဗုံးကြဲရာမှာတော့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ဒါ့အပြင် အိမ်တလုံး နဲ့ ကား ၁ စီး လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ရေနံမှော်အရေး နဲ့ ပတ်သက်ပြီး NUG တပ်တွေ အလုံးအရင်းနဲ့ မကွေး ယူနစ်ရဲ့ ရေနဲ့မှော်နေရာတွေကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး နှစ်ဘက် တင်းမာမှု တွေ ဖြစ်နေခဲ့တာပါ။

ဒီအတွက် နှစ်ဘက် ဆွေးနွေးညှိနှိုင်းမှုတွေ ၂ ကြိမ် ပြုလုပ်ခဲ့ရာမှာ သဘောတူညီမှု တစုံတရာ ရရှိခဲ့တယ်လို့လည်း သတင်းတွေ ထုတ်ပြန် ထားပါတယ်။

အခုလို အခြေအနေမျိုးမှာ စစ်တပ်ကလည်း လာရောက် ဗုံးကြဲမှုတွေ မှုတွေ ပြုလုပ်လုပ်နေတာ ဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version