နိုင်ငံရေး

သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတာဟာ ပြည်သူလူထုအောင်ပွဲလို့ NUG သဘောထား ထုတ်ပြန်၊ တော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့ အထိ ဆက်သွားမယ်လို့ ဆို

ဧပြီ ၁၈ – ၂၀၂၆ သမ္မတဦးဝင်းမြင့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်တာဟာ ပြည်သူလူထုရဲ့ တော်လှန်ရေး အောင်ပွဲ အစိတ်အပိုင်းတရပ် အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်ကြောင်း NUG က ဒီကနေ့ သဘောထား ထုတ်ပြန်လိုက် ပါတယ်။ ဒါပေမယ့်လည်း နွေဦးတော်လှန်ရေး အန္တိမပန်းတိုင် ရည်မှန်းချက်အတိုင်း အောင်မြင်သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဖေါ်ပြထားပါတယ်။ သမ္မတဦးဝင်းမြင့်ကို NUG သမ္မတ အဖြစ် ဆက်လက်ထားရှိမှာလား မထားရှိဘူးလား ဆိုတာကိုတော့ ဖေါ်ပြထားခြင်း မရှိပါ။ —————- အပြည့်အစုံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားထုတ်ပြန်ကြေညာချက် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၈) ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် များက မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသော

Read More
နိုင်ငံရေး

NUG ၅ နှစ်ပြည့်ပြီ၊ တော်လှန်ရေးအောင်ဖို့ ညီညွတ်မှုဟာ အဓိကသော့ချက်ဖြစ်ကြောင်း သမ္မတ ဒူဝါလရှီးလ ပြောကြား

ဧပြီ ၁၆ – ၂၀၂၆ ——————- NUG ၅ နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်း အပြည့်အစုံ ————————— အမျိုးသားညီညွတ်ရေးအစိုးရ (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီးခင်ဗျား ယနေ့ဟာ မြန်မာ့နှစ်သစ်ကူးနေ့ အခါသမယလည်းဖြစ်ပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူအားလုံး ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ ယခုလာမယ့် နှစ်သစ်မှာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ အနှောက်အယှက်ပေးမှုက ကင်းဝေးပြီး၊ အကြောက်တရားက လွတ်မြောက်တဲ့ လွတ်လပ်ပြီး တရားမျှတသော နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းဆီကို အားပြည့် အင်ပြည့်

Read More
နိုင်ငံရေး ပြည်တွင်း

မကွေးရေနံမှော်တွေကို NUG နဲ့ မကွေးယူနစ် ပူးတွဲ ကြီးကြပ်ဖို့ သဘောတူ

ဧပြီ ၄ – ၂၀၂၆ NUG ကနေ မကွေးရေနံမှော် နေရာတွေကို တပ်တွေနဲ့ လာရောက် ဝိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NUG နဲ့ မကွေးယူနစ် အကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ မနေ့က သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ သဘောတူညီမှုအရ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို NUG နဲ့ မကွေးယူနစ် ပူးတွဲ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ကာ စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။ ကြီးကြပ်ရေးအဖွဲ့မှာ NUG ဘက်က ဒေါက်တာဇော်ဝေစိုး နဲ့ ဝန်ကြီး ဦးစိုးသူရထွန်း တို့ ပါဝင်မှာ ဖြစ်ပြီး မကွေးဘက်က ယူနစ်ဝန်ကြီးချုပ်နဲ့ ယူနစ် အမတ် တဦးတို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ —————————

Read More
War နိုင်ငံရေး ပြည်တွင်း

NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က နေ့စဥ်ဗုံးကြဲနေ

ဧပြီ ၄ – ၂၀၂၆ NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က ဒီကနေ့မှာ လေယာဥ် ၄ စင်းနဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။ ဧပြီ ၂ ရက်နေ့က ပေါက်မြို့နယ် မြောက်ပိုင်းကို ၆ ကြိမ် ဗုံးကြဲရာမှာတော့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ ဒါ့အပြင် အိမ်တလုံး နဲ့ ကား ၁ စီး လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ရေနံမှော်အရေး နဲ့ ပတ်သက်ပြီး NUG တပ်တွေ အလုံးအရင်းနဲ့ မကွေး ယူနစ်ရဲ့ ရေနဲ့မှော်နေရာတွေကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး

Read More
နိုင်ငံရေး ပြည်တွင်း

NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တွေ့ဆုံဆွေးနွေး

ဧပြီ ၂ – ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တာဝန်ရှိသူတွေ အွန်လိုင်းကနေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးမှု ကိစ္စရပ်တွေကတော့ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့် အာဏာခွဲဝေရေး နဲ့ ဆက်နွယ်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ဖေါ်ပြထားခြင်း မရှိပါ။ ဆွေးနွေး ညှိနှိုင်းမှုတွေကို အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြဖို့ သဘောတူ ခဲ့တယ်လို့ လည်း ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက NUG MOD တပ်တွေက အင်အားအလုံး အရင်းနဲ့ မကွေးက ရေနံမြေရှိရာ တဝိုက်ကို ဝိုင်းဝန်းပိတ်ဆို့မှုတွေ

Read More
နိုင်ငံရေး ပြည်တွင်း

တော်လှန်ရေးသစ္စာဖြင့် NUCC က ချာတာ အတည်ပြုခြင်း ၅ နှစ်ပြည့် ကြေညာချက်ထုတ်၊ ချာတာကို လိုက်နာဖို့ NUG CRPH နဲ့ အဖွဲ့အစည်း အသီးသီးကို တိုက်တွန်း

ဧပြီ ၁ – ၂၀၂၆ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ပါဝင် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC ကနေ အတည်ပြု ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) ၅ နှစ်ပြည့် အဖြစ် မနေ့ မတ်လ ၃၁ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်ထား ပါတယ်။ ဒီကြေညာချက်မှာ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို မကြာခင် အပြီးသတ် အတည်ပြုနိုင်တော့မယ်လို့ ဖေါ်ပြထားပါတယ်။ ဖက်ဒရယ် ချာတာ ကို ရေးဆွဲတုန်းက ပါဝင် ကတိပြုခဲ့ကြတဲ့ NUG CRPH NUCC အပါအဝင် အင်အားစု အသီးသီးဟာ ပဋိညာဥ်ပြဌာန်းချက်တွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ

Read More
နိုင်ငံရေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဖွဲ့တော့မယ်၊ NUCC အခန်းကဏ္ဍပျောက်နေ

မတ်လ ၃၀ – ၂၀၂၆ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ Steering Council for Emergence of a Federal Democracy Union SCEF ကို ဖွဲ့စည်းဖို့ NUG CRPH နဲ့ K3C တို့ ဆွေးနွေးနေ ပြီး မကြာခင် အကောင်အထည် ဖေါ်တော့မယ်လို့ သိရပါတယ်။ ဒီကောင်စီ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ KIO KNPP KNU CNF တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်း ပါဝင်မှာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ တော်လှန်ရေး အောင်မြင်ဖို့

Read More
နိုင်ငံရေး

NUG ပြည်ထဲရေး ဒုဝန်ကြီး တဦး ခန့်အပ်

မတ်လ ၃၀ – ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် ဦးဌေးငွေ ကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဦးဌေးငွေ ကို ဒုဝန်ကြီး အဖြစ် အွန်လိုင်း အခမ်းအနား နဲ့ တာဝန်ခန့်အပ် ခဲ့တာ ဖြစ်ပါ တယ်။ ဦးဌေးငွေက CRPH ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် CRPH ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရပ်နားခဲ့ ကြောင်း သိရပါတယ်။ —————————

Read More