War နိုင်ငံရေး ပြည်တွင်း

အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က NUG MOD အောက် PDF တပ်ရင်း အဖြစ်ခံယူ

မတ်လ ၂၆ – ၂၀၂၆ NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို NUG က မကြာသေးခင်က ဖမ်းဆီးထားခဲ့ပြီး၊ အခုတော့ NLA ဟာ NUG MOD လက်အောက်ခံတပ်ရင်း အဖြစ် ခံယူသွားပြီ ဖြစ်ပါတယ်။ NUG MOD ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် NLA ဟာ PDF တပ်ရင်း အဖြစ် ကူးပြောင်းရပ်တည်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို မတ်လ ၂၀ ရက်နေ့မှာ ခံယူခဲ့ ကြောင်း ဖေါ်ပြထားပါတယ်။ လိုကယ် အဖွဲ့တွေ အနေနဲ့ NUG MOD ကွပ်ကဲမှု‌အောက် ပူးပေါင်းဖို့ အစဉ်အမြဲ ကြိုဆိုလျက် ရှိကြောင်းလည်း

Read More
နိုင်ငံရေး

BNRA ကို လက်နက်နဲ့ မဖြေရှင်းဖို့ SRA တိုက်တွန်းခဲ့၊ NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို NUG ဖမ်းဆီးထား

မတ်လ ၇ – ၂၀၂၆ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို NUG MOD က အလုံးအရင်းနဲ့ ဝင်တိုက်တုန်းက နွေးဦးတော်လှန်ရေးတပ်ပေါင်းစု SRA အနေနဲ့ NUG/MOD ထံ တရားဝင် စာပေးပို့ပြီး လက်နက်နဲ့မဖြေရှင်းဖို့ တိုက်တွန်းခဲ့ ကြောင်း မောင်ဆောင်းခ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီကနေ့ ဖေါ်ပြလိုက် ပါတယ်။ ဒါ့အပြင် SRA ဦးဆောင်ကော်မတီဝင်တွေနဲ့ ဗိုလ်နဂါးတို့ ညတွင်းချင်းပဲ တွေ့ဆုံပြီး ပြဿနာတွေကို ဆွေးနွေးအဖြေရှာခဲ့ကြပါသေးတယ်လို့ ဆိုပါတယ်။ အခုလည်း SRA အဖွဲ့ဝင် NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို အမှတ် (၁) စစ်ဒေသက လက်နက်တွေသိမ်းပြီး ထိန်းသိမ်းထားကြောင်းနဲ့ SRA အနေနဲ့ MOD စစ်ရုံးချုပ်နဲ့

Read More
နိုင်ငံရေး

မွတ်စ်လင်မ်ရဲဘော်အမျိုးသမီးတဦး မုဒိန်းမှု ကျူးလွန်ခံရမှု အပေါ် ချက်ချင်းဖြေရှင်းပေးဖို့ တောင်းဆို (မတ်လ ၅ – ၂၀၂၆)

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ – #အပြည့်အစုံ ——— ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်၊ တပ်ရင်း (၂၀)အတွင်း မွတ်စ်လင်မ်ရဲဘော်အမျိုးသမီးတဦး ကျုးလွန်ခံရသည့် မုဒိန်းမှုနှင့်ပတ်သက်ပြီး ချက်ချင်းဖြေရှင်းရန်ထုတ်ပြန်ခြင်း (၅ မတ်၊ ၂၀၂၆) ယင်းမာပင် တပ်ရင်း (၂၀) အတွင်း တပ်ဖွဲ့ဝင် မွတ်စ်လင်မ်အမျိုးသမီးတဦး မုဒိန်းမှုကျုးလွန်ခံခဲ့ရခြင်းအား ပြင်းထန်စွာရှုတ်ချလိုက်သည်။ စည်းကမ်းချိုးဖောက်သည့် ပြစ်ဒဏ်ကြောင့် တပ်တွင်းပြစ်ဒဏ်များ ချမှတ်ခြင်းသည် သက်ဆိုင်ရာစည်းမျည်းဥပဒေနှင့်သာ သက်ဆိုင်သည်။ ယခုကဲ့သို့ မုဒိန်းမှုကျုးလွန်မှုသည် ခွင့်မလွှတ်နိုင်စရာကိစ္စရပ်ဖြစ်သည်။ တဆက်တည်း တပ်ဖွဲ့တွင်း ကျုးလွန်သည့် လူမျိုးရေးခွဲခြားမှုများသည်လည်း ခွင့်လွှတ်နိုင်စရာမရှိပါ။ ဖက်ဆစ်လုပ်ရပ်များဖြစ်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် – (၁) ကျုးလွန်ခံရသူ အမျိုးသမီး၊ ကျုးလွန်ခံရသူ၏ ကလေးငယ်နှင့် မိသားစုဝင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း အာမခံချက် ချက်ချင်းရရှိရေး ဆောင်ရွက်ပေးရန်။ (၂) ကျုးလွန်သူများအား လက်နက်ဖြုတ်သိမ်း၍

Read More
နိုင်ငံရေး

SRA တပ်ပေါင်းစုက ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် တချို့ကို NUG က ဖမ်းဆီးနေ

မတ်လ ၆ – ၂၀၂၅ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA က ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် တချို့ကို NUG လက်အောက်ခံ အဖွဲ့တွေက ဖမ်းဆီးနေကြောင်း SRA ပြောခွင့်ရ ကိုမင်းဟန်ထက်က ဒီကနေ့ ထုတ်ဖေါ် လိုက်ပါတယ်။ ကိုမင်းဟန်ထက်က သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ‘’ဒီအင်တာဗျူးကို ဖြေပြီးနောက်ရက်တွေမှာပဲ SRA အဖွဲ့ဝင် တပ်ဖွဲ့အချို့က ခေါင်းဆောင်ပိုင်းရဲဘော်တွေ၊ တပ်ဖွဲ့ဝင်ရဲဘော်တွေကို NUG ကွပ်ကဲမှု အောက်မှာရှိတဲ့ အဖွဲ့အစည်းများက ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ Edited – လက်ရှိမှာတော့ NUG က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေ ပါတယ်။’’ လို့ ရေးသားဖေါ်ပြထားပါတယ်။ SRA နဲ့ NUG အကြား ဆွေးနွေးခဲ့မှုတွေ အခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာ

Read More
နိုင်ငံရေး

BNRA ကို အရေးယူတာဟာ တော်လှန်ရေးဆူးညှောင့်တခု ဖြစ်လို့ စစ်အင်အားသုံးရတာလို့ NUG MOD ထုတ်ပြန်

ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆ BNRA အဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်ရာမှာ သာမန် ဥပဒေ အရ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးဆူးညှောင့်တခု ကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အားသုံးပြီး မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတာလို့ NUG MOD က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ BNRA အဖွဲ့ကဟာ မုဒိန်းမှု လူသတ်မှု အလောင်းဖျောက်မှု အခွန်ဂိတ် ဖွင့်လှစ်မှု NUG MOD ဂိတ်စခန်းတွေကို စီးနင်း ပစ်ခတ်မှု၊ စစ်ကော်မရှင် တပ်နဲ့ ဆက်သွယ်မှု စတာတွေကို ကျူးလွန်ခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။ ဒါပေမယ့်လည်း NUG MOD အနေနဲ့ ယင်းမာပင်ဒေသ ပုလဲမောင် သတ်ဖြတ်ခံရမှု အပါအဝင် ပသုံးလုံးတွေရဲ့ ကျူးလွန်မှုတွေ

Read More
နိုင်ငံရေး

ကုလသမဂ္ဂကို NUG က ရန်ပုံငွေသွင်းပေးနေတယ်လို့ ဦးကျော်မိုးထွန်း ပြော၊ ကုလ မှတ်တမ်းအရ ၂၀၂၁ ကနေ ၂၀၂၆ အထိ မြန်မာနိုင်ငံအနေနဲ့ ပေးသွင်းထားခြင်းမရှိ၊ ကုလမြန်မာသံရုံးငွေ ဒေါ်လ ၂.၆ သန်း ရှိခဲ့ကြောင်းနဲ့ မေးခွန်းထုတ်မှုရှိလာ

ဖေဖေါ်ဝါရီ ၁၀ – ၂၀၂၆ ကုလသမဂ္ဂကို ပေးသွင်းရမယ့် ရန်ပုံငွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပေးသွင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ကိုမနေ့က ပြောကြားလိုက်ပါတယ်။ “၂၀၂၁ ကနေ စပြီးတော့ ၂၀၂၅ အကုန်ထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့် မဆုံးရှုံး ဖို့အတွက် တော်လှန်ရေးစပြီးတဲ့ အချိန်နောက်ပိုင်းမှာ သုံးကြိမ် တိတိပေ့ါနော် ကုလသမဂ္ဂကို ပေးသွင်း ရမယ့် အနည်းဆုံး ငွေပမာဏကို ကျနော်တို့ ပေးသွင်းခဲ့တာရှိပါတယ်’’ လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ပထမ အကြိမ်မှာ ရုံး ရန်ပုံငွေ ကနေ ဒေါ်လာ ၃ သိန်းကျော်ကို ပေးသွင်း ခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅

Read More
နိုင်ငံရေး

ဒေါ်ကြည်ပြာ အမှု စစ်ဆေးမှု ၁ လပြည့် ရလဒ်ထုတ်ပေးဖို့ တိုင်ကြားသူတွေ တိုက်တွန်း၊ စုံခုံဘက်က ဒေါ်ကြည်ပြာရဲ့ တန်ပြန် တိုင်ကြားမှုကို စစ်ဆေးလို

ဒီဇင်ဘာ ၂၂ -၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ အဂတိလိုက်စားမှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး စုံခုံ စစ်ဆေးမှု ဒီကနေ့ ၁ လပြည့်ပြီဖြစ်လို့ စစ်ဆေးထားတဲ့ ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားထားသူတွေက ဒီကနေ့ တိုက်တွန်း‌တောင်းဆိုလိုက်ပါတယ်။ စုံခုံရဲ့ စစ်ဆေးမှု အတွက် သတ်မှတ်ထားချိန်ဟာလည်း ၁ လဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တလ တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်ကြည်ပြာက တိုင်ကြားထားသူတွေကို တန်ပြန် တိုင်ကြားထားမှု အပေါ် စစ်ဆေးဖို့ စုံခုံဘက်က အလိုရှိနေပြီး စစ်ဆေးဖို့ ရက်ချိန်း ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Read More