နိုင်ငံရေး ပြည်တွင်း

ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့အပါအဝင် ၆ ဦးကို NUG က အကြမ်းဖက်သမားတွေ အဖြစ်ကြေညာ

နိုဝင်ဘာ ၂၆ – ၂၀၂၅ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီက ၁ ရက်နေ့က ကာလုံ အစည်းအဝေးကို ဥပဒေမဲ့ ခေါ်ယူပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကို မတရားဖမ်းဆီးကာ နိုင်ငံတော် ပုန်ကန်ခဲ့တဲ့ အတွက် ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ အပါအဝင် ၆ ဦးကို အကြမ်းဖက်သမားတွေ အဖြစ် NUG အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာ လိုက် ပါတယ်။ အခုလို နိုင်ငံတော် ပုန်ကန်ခဲ့သူတွေကို အကြမ်းဖက် ဥပဒေ အရ အရေးယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေက ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Read More
နိုင်ငံရေး အင်တာဗျူး

NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု – ဘယ်လို စစ်ဆေးဖို့ လိုအပ်လဲ – ရှေ့နေကြီးဦးကြီးမြင့်

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ကို ရုံးဝန်ထမ်းတွေကနေ ဖိနှိပ်ဆက်ဆံမှု နဲ့ လှူဒါန်းငွေတွေ အလွဲသုံးစားလုပ်မှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြား ထားတာနဲ့ ပတ်သက်ပြီး ဘယ်လို ဥပဒေ၊ ဘယ်လို လုပ်ထုံလုပ်နည်းတွေနဲ့ စစ်ဆေးဖို့ လိုအပ်လဲ ဆိုတာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို မေးမြန်း တင်ဆက်ထားပါတယ်။ NUG ဝန်ကြီးချုပ်ရုံးကတော စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ THN Public Media

Read More
ပြည်တွင်း

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည် မှာ ရွှေဖောင်မျော လုပ်နေတာတွေကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

နိုဝင်ဘာ ၂၃ – ၂၀၂၅ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပန်းပရဲအုပ်စု သဖန်းဆိပ်ဆည် မှာ ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ NUG လက်အောက်ခံ တာဝန်ရှိသူတွေကနေ စီးပွားရေးသမားတွေကို ရွှေဖောင်မျောပေးလုပ်တာကို ကန့်ကွက်တဲ့ အနေနဲ့ ဒေသခံကျေးရွာတွေ ကနေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီရွှေမျောလုပ်တဲ့နေရာတွေဟာ ရေကျလို့ မြေပေါ်လာတဲ့ နှစ်တွေမှာ ဒေသခံတွေ ကောက်ပဲသီးနှံ စိုက်ပျိုး လုပ်ကိုင်စားသောက်တဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေ ဖြစ်တယ်လို့ ဆန္ဒပြသူ တဦးက ပြောပါတယ်။ အခုနိုဝင်ဘာ လဆန်းပိုင်းမှာ ဒီနေရာတွေကို သိမ်းယူလိုက်ပြီး ရွှေဖောင်မျော တခုကို တလ ရွှေတကျပ်သားနှုန်းနဲ့ မျောဖောင် ၁၀၀၀ လောက် ကို လုပ်ခွင့် ပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ရွှေမျောတွေ လုပ်လိုက်မယ်ဆိုရင်

Read More
နိုင်ငံရေး အင်တာဗျူး

NUCC အဖွဲ့ဝင် အဖြစ် ကနေ KNU နဲ့ KNPP ဘာလို့ ယာယီရပ်ဆိုင်းလဲ – NUCC ပြန်ဆွေးနွေးမယ် – NUCC ကောင်စီဝင် မနိုးနိုးထက်စံနဲ့ မေးထားသည်

နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ရဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ အတွက် စုဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကနေ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ကနေ ယာယီရပ်ဆိုင်းတော့မယ်ဆိုပြီး NUCC ကို မကြာသေးခင်က စာတင်ခဲ့ပါတယ်။ အခုလို ယာယီရပ်ဆိုင်းတာ ဘာကြောင့်ပါလဲ… NUCC အနေနဲ့ ဘယ်လို သဘောထားပြီး ဘာတွေ ဆောင်ရွက်ဖို့ ရှိမလဲ ဆိုတာ NUCC ကောင်စီဝင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က) မနိုးနိုးထက်စံ ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More
ပြည်တွင်း

မန္တလေး PDF ဗဟိုဦးဆောင်ကော်မတီဝင် ကိုမုန်တိုင်း နဲ့ ကိုနိုင်ကြီး တို့ကို ဘဏ္ဍာပစ္စည်း တရားမဝင်ယူဆောင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း

နိုဝင်ဘာ ၂၁ – ၂၀၂၅ မန္တလေး PDF ဗဟိုဦးဆောင်ကော်မတီဝင် ၂ ဦးဖြစ်တဲ့ စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ကိုနိုင်ကြီး တို့ကို ကာလတန်ဖိုး ကြီးမားတဲ့ တပ်ပိုင် ဘဏ္ဍာပစ္စည်း တရားမဝင် ထုတ်ယူသွားခဲ့မှုနဲ့ လက်ရှိ တာဝန်အားလုံး ရပ်ဆိုင်း လိုက်ပြီး ဖမ်းဆီးထိန်းသိမ်း အချုပ်ချထား ကြောင်း မန္တလေး PDF က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်လို ပစ္စည်းတွေ ဖြစ်ပြီး ဘယ်လောက် တန်ဖိုးကြီးမား တယ်ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်းမရှိပါ။ ဒီပစ္စည်းတွေကို အခုနှစ် သြဂုတ်လ ဗဟိုဦးဆောင်ကောမတီ အစည်း အဝေး မှာ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း နဲ့ စက်တင်ဘာလ တပ်မှူးများ စုံညီအစည်းအဝေးမှာလည်း

Read More
နိုင်ငံရေး

“ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ် ရွေးချယ်မှုများ’’ ခေါင်းစဥ်နဲ့ ကန် အောက်လွှတ်တော်မှာ ဆွေးနွေး၊ မြန်မာ့အရေး ပိုမိုပြင်းထန်စွာ ဆောင်ရွက်ဖို့ အမေရိကန် အမတ်တွေ တိုက်တွန်း

နိုဝင်ဘာ ၁၉ – ၂၀၂၅ မြန်မာ့ပဋိပက္ခကို ‌ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စု မှာ အချိန်နည်းပါး လာပြီ ဖြစ်တယ်လို့ ဥပဒေပြု အမတ်တွေက အင်္ဂါနေ့က သတိပေးလိုက် ပါတယ်။ မြန်မာစစ်ကော်မရှင်က ချုပ်ကိုင်မှုကို တင်းကျပ်ထားပြီး လာမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်မှာ အမေရိကန်ရဲ့ တုံ့ပြန်မှုကို ပိုမို အားကောင်း လာစေဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဟာ အရှေ့အာရှ ပစိဖိတ်ရေးရာ နဲ့ တောင်အာရှ အလယ်အာရှရေးရာ ကော်မတီခွဲ တွေနဲ့ ပူးတွဲကြားနာပွဲ တရပ်ကို ကျင်းပခဲ့တာ ဖြစ်ပြီး “ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ်

Read More
ပြည်တွင်း

SDB က တကယ်ဘဏ်လား – THN Public Media ရဲ့ မေးမြန်းချက် – နိုဝင်ဘာ ၁၈ SDB သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ်ချက်

————— နိုင်ငံတကာ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားမှု မရှိသလို နိုင်ငံတကာ ဘဏ်တွေကို ငွေလွှဲ ပေးပို့နိုင်တာမျိုး မရှိတဲ့ SDB ဘဏ်က တကယ် ဘဏ်လား ဆိုတာ နိုဝင်ဘာ ၁၈ SDB သတင်းစာ ရှင်းလင်းပွဲမှာ THN Public Media က မေးမြန်းထားတာ ဖြစ်ပါတယ်။ —————- THN Public Media

Read More
ပြည်တွင်း

NUCC ကနေ KNPP ဘာလို့ ယာယီရပ်နားလဲ – KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကို မေးထားသည်

Bottom-up ဖက်ဒရယ်စနစ်ကို… ကျွန်တော်တို့အတွက် လစ်လျူရှု ခံရတယ်လို့ ခံစားရတယ်…’’ ဦးအောင်ဆန်းမြင့် (KNPP အတွင်းရေးမှူး) နွေဦး‌တော်လှန်ရေး တပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC မှာ ပါဝင်နေမှု ကနေ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ယာယီ ရပ်နားတော့မယ့် အပေါ် ဘာကြောင့် အခုလို ဆုံးဖြတ်ရတယ်ဆိုတာ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

NUCC ကနေ ယာယီနုတ်ထွက်မှုဟာ bottom-up ဖက်ဒရယ်စနစ် နဲ့ ဆက်စပ်နေတယ်လို့ KNPP ပြော၊ KNU နဲ့ KNPP နှစ်ဖွဲ့စလုံး NUCC မှာပါဝင်မှု ကနေ ယာယီရပ်ဆိုင်းမယ်လို့ စာတင်ထား

နိုဝင်ဘာ ၁၈ – ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာ ပါဝင်မှု ကနေ ယာယီ ရပ်ဆိုင်းမယ်ဆိုပြီး NUCC ကို စာတင်ထားကြောင်း သိရပါတယ်။ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် က အခုလို ယာယီရပ်ဆိုင်း တာဟာ bottom-up (အောက်ခြေကနေ စတင်တဲ့) ဖက်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ သက်ဆိုင် နေတယ်လို့ ပြောကြားပါတယ်။ NUCC က တာဝန်ရှိသူတဦးကလည်း စာတင်ထားတာ မှန်ကန်ကြောင်းနဲ့ ဒါနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ ပါတယ်။ ————————— THN

Read More
ပြည်တွင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ် အဖြစ် ဦးစိုးဦး၊ လွှတ်တော်ဥက္ကဌ အဖြစ် ဦးမြင့်ထွေးတို့ကို အတည်ပြု

နိုဝင်ဘာ ၁၇ – ၂၀၂၅ အွန်လိုင်းကနေ ဒီကနေ့ ကျင်းပတဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ကနေ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး နဲ့ လွှတ်တော်ဥက္ကဌ အဖြစ် ဦးမြင့်ထွေးတို့ကို အတည်ပြု တာဝန်ပေးအပ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ အစည်းအဝေးကို CRPH ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ NUCC က ဦးတိုးကျော်လှိုင် တို့တက်ရောက် စကားပြောကြားခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More