အွန်လိုင်းကနေ ဒီကနေ့ ကျင်းပတဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ကနေ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး နဲ့ လွှတ်တော်ဥက္ကဌ အဖြစ် ဦးမြင့်ထွေးတို့ကို အတည်ပြု တာဝန်ပေးအပ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ အစည်းအဝေးကို CRPH ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ NUCC က ဦးတိုးကျော်လှိုင် တို့တက်ရောက် စကားပြောကြားခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media

