နိုင်ငံတကာ

ပြင်သစ် တိုက်လေယာဉ် အစင်း ၁၀၀ အထိ ယူကရိန်း ရဖို့ ပြင်သစ် နဲ့ ယူကရိန်း သဘောတူ လက်မှတ်ရေးထိုး

France’s President Emmanuel Macron (R) and Ukraine’s President Volodymyr Zelensky (L) shake hands after signing an agreement at the Villacoublay air base, in Velizy-Villacoublay, near Paris on November 17, 2025. Macron and Zelensky signed an arms agreement at an airbase near Paris, which the Ukrainian president described as “historic” to “strengthen” Ukraine’s combat aviation and air defense. (Photo by Christophe Ena / POOL / AFP) (Photo by CHRISTOPHE ENA/POOL/AFP via Getty Images)

နိုဝင်ဘာ ၁၇ – ၂၀၂၅

ယူကရိန်းနိုင်ငံဟာ လာမယ့် ၁၀ နှစ်အတွင်း ပြင်သစ်လုပ် Rafale တိုက်လေယာဉ် အစင်း ၁၀၀ အထိ ရရှိမယ့် သဘောတူမှု တခုကို ပြင်သစ် သမ္မတ မက်ခရွန် နဲ့ ယူကရိန်းသမ္မတ ဇလန်စကီး တို့ ဒီကနေ့ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

ရုရှား ကျူးကျော်မှုကို ကာကွယ်ဖို့ အတွက် ယူကရိန်းက ကာကွယ်ရေး စနစ်တွေကို အားဖြည့် ကြိုးပမ်းနေချိန် အခုလို သဘောတူညီခဲ့တာ ဖြစ်ပြီး သမ္မတ နှစ်ဦးဟာ ပြင်သစ်နိုင်ငံ Villacoublay စစ်တပ် လေဆိပ် တိုက်လေယာဉ် တစင်းရှေ့မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ တာလည်း ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ထဲမှာ လေကြောင်း ကာကွယ်ရေးစနစ်တွေ၊ ခဲယမ်းမီးကျောက်တွေ နဲ့ ဒရုန်းတွေလည်း ပါဝင်ပါတယ်။

ဇလန်စကီးက “ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လေကြောင်း ကာကွယ်ရေး စနစ်တွေထဲက တခုဖြစ်လာလိမ့်မယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Rafale တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ Dassault ကုမ္ပဏီရဲ့ ရှယ်ယာ တွေလည်း ဒီသတင်းကြောင့် ရုတ်တရက် ၈% မြင့်တက်ခဲ့ ပါတယ်။

ပြင်သစ်သမ္မတရုံး ရဲ့ ပြောကြားချက်အရ အခု လက်မှတ် ရေးထိုး ခဲ့တဲ့ သဘောတူညီဟာ နိုင်ငံရေး ကတိကဝတ် သဘောမျိုးသာဖြစ်ပြီး၊ ဝယ်ယူရေး စာချုပ်ကို နောက်ပိုင်းမှ ချုပ်ဆိုမယ်လို့ ဆိုပါတယ်။

Rafale တိုက်လေယာဉ်တွေ မောင်းနှင်ဖို့ အတွက် လေယာဉ်မှူးတွေကို တင်းကျပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ လိုအပ်တာကြောင့် အချိန် ယူရမယ်လို့လည်း သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *