နိုင်ငံရေး

စကစ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားတွေ အဖြစ် NUG သတ်မှတ်၊ အကုန်လုံးကို ဖမ်းဆီးမယ်

ဒီဇင်ဘာ ၂၂ – ၂၀၂၅ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့ကာ မကြာခင်က ဖျက်သိမ်း လိုက်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် အားလုံး ကို အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကနေ မနေ့က ကြေညာလိုက်ပါတယ်။ အကြမ်းဖက်သမားတွေ အဖြစ် ကြေညာထားသူ အားလုံးကို ဖမ်းဆီးမှာ ဖြစ်ပြီး ဖမ်းဆီးရနိုင်ရေး တော်လှန်ရေးအင်အာစုတွေနဲ့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်းထားပါတယ်။ ဖမ်းဆီးမိပါက ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ဖေါ်ပြထားတာမျိုး မရှိပါ။ ————————— THN Public Media

Read More
နိုင်ငံရေး

NUG ပညာရေးဝန်ကြီးသစ် ဂျာထွယ်ပန်ကို ခန့်အပ်မှုအပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ ပြင်းထန်စွာကန့်ကွက်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် က ခန့်အပ်မှုအပေါ် ကြိုဆိုထောက်ခံ

ဒီဇင်ဘာ ၁၂ – ၂၀၂၅ ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပညာရေးဝန်ကြီး အသစ် အဖြစ် ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ပြင်းထန်စွာ ကန့်ကွက်လိုက်ပေမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီးဌာန ကတော့ ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ထောက်ပြတာကတော့ ၁။ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ သဘောထားကို လစ်လျူရှုခြင်း ၂။ အရည်အချင်းနှင့် ဦးဆောင်နိုင်မှု လိုအပ်ချက်ရှိနေခြင်း ၃။ လူထုနှင့် ပညာရေးမိသားစု၏ ထောက်ခံမှု မရှိခြင်း စတဲ့အချက်တွေကြောင့်

Read More
နိုင်ငံရေး

ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြား၊ ဒေါ်ကြည်ပြာအမှု ဖေ့စ်ဘွတ်ပေ့ချ် ကို စုံစမ်းရေးအဖွဲ့က ပိတ်ခိုင်း

ဒီဇင်ဘာ ၁၁ – ၂၀၂၅ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း တို့ကို ဝန်ထမ်းတွေ အပေါ် ဖိနှိပ် ဆက်ဆံမှု နဲ့ လှူဒါန်းငွေတွေ အလွဲသုံးစားလုပ်မှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြားထားတယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကနေ တန်ပြန်တိုင်ကြားထားတယ် ဆိုတာကို စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ တိုင်ကြား သူတွေကို စစ်ဆေးပြီးတဲ့ နောက် တနေ့မှာ အသိပေးလာတာ ဖြစ်ပါတယ်။ ဒေါ်ကြည်ပြာဘက်က ဘာကိုတိုင်ကြားထားတာလဲ ဆိုတာ မသိရကြောင်းနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အကြောင်းကြားစာထဲမှာလည်း တိုင်ကြားထားတဲ့ ခေါင်းအစဥ် အကြောင်းအရာ ပါမလာဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒေါ်ကြည်ပြာ အမှုနဲ့

Read More
နိုင်ငံရေး

အသံတိတ်သပိတ် ဆင်နွှဲတဲ့ ပြည်သူတွေကို NUG ယာယီသမ္မတ ဦးညွှတ်ကြောင်းပြော၊ လက်နက်အပေါ် သာယာသူ တချို့ရှိကြောင်းဝန်ခံ၊ လူ့အခွင့်အရေးနေ့ မိန့်ခွန်း

ဒီဇင်ဘာ ၁၀ – ၂၀၂၅ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်း ပြောကြားရာမှာ စစ်အာဏာရှင်တွေရဲ့ ညှင်းပန်း ရက်စက်မှုတွေကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးဆိုတာကို ပြသတဲ့ ဒီကနေ့ အသံတိတ် သပိတ် ဆင်နွှဲကြတဲ့ ပြည်သူတွေကို လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြား သွားပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်နေသရွေ့၊ ပြည်သူတွေဟာလည်း အချိန်တိုင်း နေ့တိုင်း၊ လူ့အခွင့်အရေးကို ဆက်လက် ဆုံးရှုံးနေကြရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေး ၅ နှစ် နီးပါး ရောက်လာချိန်မှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေ အပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေး ကျင့်ဝတ်၊

Read More
အင်တာဗျူး

NUG ပြုပြင်ပြောင်းလဲရေး ယာယီသမ္မတ မိန့်ခွန်း အထူးသုံးသပ်ချက် – ဦးသန်းစိုးနိုင်

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပြီး အဲဒီပြောင်းလဲမှု နဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ မိန့်ခွန်း ပြောကြားချက်အပေါ် ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်ရဲ့ သုံးသပ် ချက် ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

မအိသဥ္ဇာမောင် က လူငယ်တွေကို နေရာပေးလိုတဲ့အတွက် NUG ထဲမပါဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြော၊ NUG ပြုပြင်မှုကို ကြိုဆို

ဒီဇင်ဘာ ၉ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုဝန်ကြီးတဦး ဖြစ်ခဲ့သူ မအိသဥ္ဇာမောင် က လူငယ်တွေကို နေရာပေးလိုတဲ့အတွက် NUG ထဲမပါဖို့ ဆုံးဖြတ်လိုက်တာလို့ မနေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သဘောထား ဖေါ်ပြထားပါတယ်။ ‘’အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြုပြင်မှု ကို ကြိုဆိုပါတယ်။ ကျမ အနေနဲ့ တော်လှန်ရေးထဲ လူငယ်တွေကို တိုင်းပြည်ဦးဆောင်တဲ့ ကဏ္ဍ မှာ နေရာပေးချင်တဲ့ အတွက် ထပ်ပြီးပြန်လည်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ကနေ အနားယူခဲ့ပါတယ်။’’ လို့ ရေးသားထားတာပါ။ ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျောက် လစာ မယူဘဲ တာဝန်ထမ်းဆောင် ခဲ့ကြောင်းနဲ့ တော်လှန်ရေး အောင်မြင်သည် အထိ ကျရာ

Read More
နိုင်ငံရေး

ပြုပြင်ပြောင်းလဲလိုက်တဲ့ NUG က ဝန်ကြီးတချို့ CRPH ရှေ့မှာ ကျမ်းသစ္စာဆို

ဒီဇင်ဘာလ ၈ – ၂၀၂၅ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံရတဲ့ ဝန်ကြီး ဒုဝန်ကြီးတွေဟာ ဒီကနေ့မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရှေ့ အွန်လိုင်းကနေ ကတိသစ္စာပြု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးဌာန (၁၇) နဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ NUG ဟာ (၄) နှစ်ကျော် (၅) နှစ်ထဲ ရောက်လာချိန်မှာ ကျစ်ကျစ် လစ်လစ် ဖြစ်စေဖို့ အခုလို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

NUG ပြင်ဆင်ဖွဲ့စည်း ကြောင်း CRPH ကြေညာ၊ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အရင်အတိုင်း ရာထူးထားရှိ

ဒီဇင်ဘာ ၈ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ကနေ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ NUG ပြင်ဆင်ဖွဲ့စည်းမှုမှာ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အရင်အတိုင်း ရာထူးထားရှိကြောင်း တွေ့ရပါတယ်။ ဒုတိယ သမ္မတ အဖြစ် ဒူဝါလရှီးလ နဲ့ ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း တို့ကို ဒီအတိုင်း ဆက်ထားရှိကာ ဒေါက်တာဇော်ဝေစိုး ကိုတော့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးထားပါတယ်။ အရင် ဝန်ကြီးဌာန ၁၇ နေရာ ကနေ အခုတော့ ၁၃ ဌာန အဖြစ် ပြောင်းလဲ ထားပါတယ်။ အပြည်ပြည်ဆိုင်ဆက်ဆံရေးဝန်ကြီးဌာန၊ ကူသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ အချက်အလက်နဲ့

Read More
ပြည်တွင်း

CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ဖမ်းဆီးရခြင်း NUG ထုတ်ပြန်၊ သေနတ်ပြန်မပေးခြင်း နဲ့ ကျပ်ငွေ သိန်း ၃ ထောင် ၃ ရာကျော် ကိစ္စ ဖြေရှင်းခြင်းမရှိတာကြောင့် လို့ ဆို

ဒီဇင်ဘာ ၁ – ၂၀၂၅ CDM ဆေးရုံအုပ် ‌ဒေါက်တာ ဒေါ်ခင်သူသူလွင် (ခ) Dr တူး ဟာ သူ ငှားရမ်းထားတဲ့ AK 47 သေနတ် (၁) လက်အား ပြန်လည် မအပ်နှံခြင်း၊ လုပ်ငန်းဆိုင်ရာ စာရင်းဇယား၊ ရုံးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ ကျပ်ငွေ သိန်း ၃ ထောင် ၃ ရာကျော် ဆိုင်ရာ ကိစ္စရပ်တွေကို မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံ လာရောက် ညှိနှိုင်း ဖြေရှင်းခြင်း မရှိခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း NUG ပြည်ထဲရေး က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကနေ တရားလို ပြုလုပ် ကာ အထက်ပါ ကိစ္စရပ်တွေကို တိုင်းကြားခဲ့တာကြောင့် ဖမ်းဆီးခဲ့တာ

Read More