CDM ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင် (ခ) Dr တူး ဟာ သူ ငှားရမ်းထားတဲ့ AK 47 သေနတ် (၁) လက်အား ပြန်လည် မအပ်နှံခြင်း၊ လုပ်ငန်းဆိုင်ရာ စာရင်းဇယား၊ ရုံးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ ကျပ်ငွေ သိန်း ၃ ထောင် ၃ ရာကျော် ဆိုင်ရာ ကိစ္စရပ်တွေကို မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံ လာရောက် ညှိနှိုင်း ဖြေရှင်းခြင်း မရှိခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း NUG ပြည်ထဲရေး က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကနေ တရားလို ပြုလုပ် ကာ အထက်ပါ ကိစ္စရပ်တွေကို တိုင်းကြားခဲ့တာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက် သွားမယ်လို့ အသိပေး ဖေါ်ပြထားပါတယ်။
—————————
THN Public Media


