နိုင်ငံရေး

NUG က သူ့ ဝန်ကြီးဌာန ကို ဖျက်သိမ်းတော့မယ်လို့ အသိပေးလာတဲ့နောက် ဒေါက်တာဆာဆာက IPFD ကို ဖွဲ့စည်းတာဖြစ်ကြောင်း ပြည်သူကို အသိပေး

ဒီဇင်ဘာ ၁ – ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ နုတ်ထွက်လိုက်တဲ့ ဒေါက်တာ ဆာဆာ က သူ့ရဲ့ဝန်ကြီးဌာနဖြစ်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ကို ဖျက်သိမ်း တော့မှာ ဖြစ်ကြောင်း အခုနှစ် သြဂုတ်လထဲမှာ NUG ကနေ သူ့ကို အကြောင်းကြား လာတယ်လို့ ဆိုပါတယ်။

ဒီအတွက် သူ့ရဲ့ အခန်း ကဏ္ဍတခု ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် “ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အင်စတီကျု (Institute of Peace and Federal Democracy – IPFD)” ကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်သူ့ကို အသိပေးစာ ထုတ်ပြန်လာပါတယ်။

ဒီ အဖွဲ့အစည်းရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို အရှိန်မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *